Quran with Burmese translation - Surah Ibrahim ayat 42 - إبراهِيم - Page - Juz 13
﴿وَلَا تَحۡسَبَنَّ ٱللَّهَ غَٰفِلًا عَمَّا يَعۡمَلُ ٱلظَّٰلِمُونَۚ إِنَّمَا يُؤَخِّرُهُمۡ لِيَوۡمٖ تَشۡخَصُ فِيهِ ٱلۡأَبۡصَٰرُ ﴾
[إبراهِيم: 42]
﴿ولا تحسبن الله غافلا عما يعمل الظالمون إنما يؤخرهم ليوم تشخص فيه﴾ [إبراهِيم: 42]
Ba Sein ၄၂။ တမန်တော်၊ ယုတ်မာသူတို့ပြုလုပ်မှုများကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူမည်မဟုတ်ဟု သင်မထင်လင့်။ အရှင်မြတ်သည် သူတို့အား မျက်လုံးမျက်ဆံများကြောက်ရွံ့ခြင်းဖြင့် ပြူးတူးပြဲတဲကြည့်ကြမည့်နေ့တော်ကြီး တိုင်အောင် အချိန်ပေးထားတော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အား မတရားသောသူများ ကျင့်မူကြကုန်သော အမှုကိစ္စတို့မှအမှုမဲ့အမှတ်မဲ့ နေတော်မူသောအရှင်မြတ်ဟူ၍ အလျင်းမထင်မှတ်လေနှင့်၊ ထိုအရှင်မြတ်သည် ၎င်းတို့အား အကြင်နေ့တိုင်အောင် ရွှေ့ဆိုင်းခွင့်ပေးထားတော်မူခြင်းသာလျှင် ဖြစ်ပေသည်။ ထိုနေ့တွင်(ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏)မျက်စိမျက်ဆံများသည်(မျက်တောင်မခတ်)စူးစိုက်လျက်ပင်ရှိကုန်အံ့သတည်း။ |
Hashim Tin Myint ထို့ပြင် အမှန်ပင် အသင်သည် အလ္လာဟ်အရှင်မြတ်အား မတရားသူများပြုလုပ်ကြသော လုပ်ရပ်များမှ မေ့လျော့နေသောအရှင်ဟု လုံးဝ မထင်မှတ်လေနှင့်။ အရှင်မြတ်သည် သူတို့အား အကြင်နေ့ထိ ဆိုင်းငံ့ပေးထားခြင်းသာဖြစ်သည်။* ထိုနေ့တွင် မျက်စိများသည် ပြူး(ကျယ်ပြီး လန့်ဖြန့်ငေးမော)နေကြလိမ့်မည်။ |