×

(ကြောက်ရွံ့စိုးရိမ်မှုကြောင့် လည်ပင်းများကို ဆန့်တန့်စေ၍) ဦးခေါင်းများကို မော့နေကြလျှက် အပြေးအလွှား၊ အလျင်စလို အနေအထားတွင် ရှိကြမည်ဖြစ်သော်လည်း သူတို့၏မျက်စိများမှာမူ အာရုံစူးစိုက်၍ ငေးနေခြင်းမှ 14:43 Burmese translation

Quran infoBurmeseSurah Ibrahim ⮕ (14:43) ayat 43 in Burmese

14:43 Surah Ibrahim ayat 43 in Burmese (البورمية)

Quran with Burmese translation - Surah Ibrahim ayat 43 - إبراهِيم - Page - Juz 13

﴿مُهۡطِعِينَ مُقۡنِعِي رُءُوسِهِمۡ لَا يَرۡتَدُّ إِلَيۡهِمۡ طَرۡفُهُمۡۖ وَأَفۡـِٔدَتُهُمۡ هَوَآءٞ ﴾
[إبراهِيم: 43]

(ကြောက်ရွံ့စိုးရိမ်မှုကြောင့် လည်ပင်းများကို ဆန့်တန့်စေ၍) ဦးခေါင်းများကို မော့နေကြလျှက် အပြေးအလွှား၊ အလျင်စလို အနေအထားတွင် ရှိကြမည်ဖြစ်သော်လည်း သူတို့၏မျက်စိများမှာမူ အာရုံစူးစိုက်၍ ငေးနေခြင်းမှ သူတို့ဘက်သို့ ပြန်လှည့်နိုင်ကြမည် မဟုတ်သည့်အပြင် သူတို့၏နှလုံးသားများ (နားလည်မှုများ) သည် လည်း အနစ်သာရမဲ့ လွင့်ပျံလျက် ဟာတာတာ ဖြစ်ကြပေမည်။

❮ Previous Next ❯

ترجمة: مهطعين مقنعي رءوسهم لا يرتد إليهم طرفهم وأفئدتهم هواء, باللغة البورمية

﴿مهطعين مقنعي رءوسهم لا يرتد إليهم طرفهم وأفئدتهم هواء﴾ [إبراهِيم: 43]

Ba Sein
၄၃။ ထိုနေ့တော်ကြီး၌ သူတို့သည် ကြောက်ရွံ့ထိတ်လန့်ခြင်းဖြင့် ပြေးလာကြရလတ့ံ။ ထိုအခါသူတို့သည် ခေါင်းမော့ ထားကြလတ့ံ။ မိမိတို့ဘက်သို့ လှည့်ကြည့်ကြမည်မဟုတ်။ သူတို့၏ စိတ်နှလုံးများသည် လေကဲ့သို့ တုန်လှုပ်နေ ကြလတ့ံ။
Ghazi Mohammad Hashim
(ထိုနေ့တွင် ၎င်းတို့သည်) မိမိတို့၏ဦးခေါင်းများကိုမော့၍ ပြေးလွှားလျက်ပင်ရှိကြပေမည်။ ထိုနေ့တွင်)၎င်းတို့၏မျက်စိများသည် ၎င်းတို့ဘက်သို့ ပြန်လှည့်မည်မဟုတ်ပေ။(ဝါ) ၎င်းတို့သည် မျက်တောင်မခတ်ဘဲရှိကြမည်။ ထိုမှတစ်ပါး၎င်းတို့ ၏စိတ်နှလုံးများသည်လည်း လွင့်ပျံလျက်ပင် ရှိနေကြပေမည်၊ (ဝါ) သတိရှိကြမည် မဟုတ်ပေ။
Hashim Tin Myint
(ထို‌နေ့တွင် သူတို့သည်) သူတို့၏ဦး‌ခေါင်းမျာကို ‌မော့ပြီး အမြန်‌ပြေး‌နေလိမ့်မည်။ သူတို့၏မျက်စိများသည် မျက်‌တောင်မခတ်ဘဲ (စူးစိုက်)ကြည့်‌နေကြလိမ့်မည်။ ထို့ပြင် သူတို့၏စိတ်နှလုံးများသည်လည်း လွင့်ပျံ‌နေကြလိမ့်မည်။ (‌ကြောက်ရွံ့မှု‌ကြောင့် နှလုံးသည်း‌ခြေပျက်ပြားလျက် သတိလစ်‌နေကြလိမ့်မည်)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek