Quran with Burmese translation - Surah Al-hijr ayat 52 - الحِجر - Page - Juz 14
﴿إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمٗا قَالَ إِنَّا مِنكُمۡ وَجِلُونَ ﴾
[الحِجر: 52]
﴿إذ دخلوا عليه فقالوا سلاما قال إنا منكم وجلون﴾ [الحِجر: 52]
Ba Sein ၅၂။ ထိုဧည့်သည်တော်များသည် တမန်တော်အေဗရာဟမ်ထံ လာရောက်၍ အေးချမ်းသာယာပါစေသော်ဝ်ဟု မေတ္တာပို့ နှုတ်ဆက်ကြ၏။ တမန်တော်က အကျွနု်ပ်တို့သည် သင်တို့ကို အမှန်ပင်ကြောက်ရွံ့ပါ၏ဟု ဆို၏။ |
Ghazi Mohammad Hashim တစ်ရံရောအခါဝယ် ထိုဧည့်သည်များသည်ယင်း (နဗီတမန်တော်)အစ်ဗ်ရာဟီမ်၏ထံသို့ ဝင်ရောက်ခဲ့ကြကုန်၏။ ထိုအခါဝယ် ယင်းဧည့်သည်တို့က စလာမ်ငြိမ်းချမ်းသာယာမှုသည်(အသင်တို့အပေါ်၌)သက်ရောက်ပါစေသားဟုပြောဆိုခဲ့ကြကုန်၏။ (ထိုအခါ) ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အားကြောက်ရွံ့ စိုးရိမ်ကြပါသည်ဟု ပြောဆိုခဲ့လေသည်။ |
Hashim Tin Myint တစ်ခါက ထိုဧည့်သည်များသည် ၎င်း(တမန်တော်အိဗ်ရာဟီမ်)ထံသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့က စလာမ်ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေဟု ပြောဆိုခဲ့ကြသည်။ ၎င်း(တမန်တော်အိဗ်ရာဟီမ်)က အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား စိုးရိမ်ကြပါသည်ဟု ပြောဆိုခဲ့သည်။ |