Quran with Burmese translation - Surah An-Nahl ayat 100 - النَّحل - Page - Juz 14
﴿إِنَّمَا سُلۡطَٰنُهُۥ عَلَى ٱلَّذِينَ يَتَوَلَّوۡنَهُۥ وَٱلَّذِينَ هُم بِهِۦ مُشۡرِكُونَ ﴾
[النَّحل: 100]
﴿إنما سلطانه على الذين يتولونه والذين هم به مشركون﴾ [النَّحل: 100]
Ba Sein ၁ဝဝ။ သူ၏ သြဇာအာဏာသည် သူ့ကို မိတ်ဖွဲ့သူများနှင့် ဘုရားတုများကို အရှင်မြတ်နှင့်တွဲဖက်သူများတို့အပေါ်မှာသာ လွှမ်းမိုး၏။ |
Ghazi Mohammad Hashim ယင်းရှိုင်တွာန်မိစ္ဆာကောင်၏ ဩဇာအာဏာသည်ကား ၎င်းအားအဆွေခင်ပွန်းဖွဲ့သော သူတို့နှင့် ယင်းရှိုင်တွာန်မိစ္ဆာကောင်ကြောင့် (အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်ကိုးကွယ်သောသူတို့ အပေါ်၌သာရှိပေသတည်း။ |
Hashim Tin Myint သူ၏အာဏာသည် သူ့ကို မိတ်ဆွေဖွဲ့သောသူများအပေါ်နှင့် သူ(၏ လှုံ့ဆော်မှု)ကြောင့် (အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်ကိုးကွယ်သောသူများအပေါ်တွင်သာ ရှိသည်။ |