Quran with Burmese translation - Surah An-Nahl ayat 21 - النَّحل - Page - Juz 14
﴿أَمۡوَٰتٌ غَيۡرُ أَحۡيَآءٖۖ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ ﴾
[النَّحل: 21]
﴿أموات غير أحياء وما يشعرون أيان يبعثون﴾ [النَّحل: 21]
Ba Sein ၂၁။ ထိုဘုရားပျက်တို့သည် အသက်မရှိ အသေသာဖြစ်၏။ ထို့အပြင်သူတို့သည် မိမိတို့ဘယ်အချိန်အခါတွင် ရှင်ပြန်ထ မြောက်ကြရမည်ကို မသိကြချေ။ |
Ghazi Mohammad Hashim (၎င်းတို့သည်) သူသေများ(သက်မဲ့များပင်) ဖြစ်ကြကုန်၏။ ရှင်သူများမဟုတ်ကြပေ။ ထိုမှတစ်ပါး ၎င်းတို့မှာမိမိတို့သည် မည်သည့်အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုပင် မသိကြချေ။ |
Hashim Tin Myint (သူတို့သည်) သူသေများ(သက်မဲ့များပင်)ဖြစ်ကြသည်။ ရှင်သူများ မဟုတ်ကြပေ။* ထို့ပြင် သူတို့အနေနှင့် သူတို့သည် မည်သည့်အချိန်တွင် ရှင်ပြန်ထစေခြင်းခံကြရမည်ဆိုသည်ကိုလည်း မသိကြပေ။ |