Quran with Burmese translation - Surah An-Nahl ayat 61 - النَّحل - Page - Juz 14
﴿وَلَوۡ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِظُلۡمِهِم مَّا تَرَكَ عَلَيۡهَا مِن دَآبَّةٖ وَلَٰكِن يُؤَخِّرُهُمۡ إِلَىٰٓ أَجَلٖ مُّسَمّٗىۖ فَإِذَا جَآءَ أَجَلُهُمۡ لَا يَسۡتَـٔۡخِرُونَ سَاعَةٗ وَلَا يَسۡتَقۡدِمُونَ ﴾
[النَّحل: 61]
﴿ولو يؤاخذ الله الناس بظلمهم ما ترك عليها من دابة ولكن يؤخرهم﴾ [النَّحل: 61]
Ba Sein ၆၁။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ၎င်းတို့ပြုကျင့်မှုကြောင့် ချက်ခြင်းအပြစ်ဒဏ်ခတ်တော်မူ ပါလျှင် ဤကမ္ဘာမြေကြီးပေါ်တွင် သက်ရှိသတ္တဝါတစုံတယောက်မျှကျန်ရစ်မည်မဟုတ်ချေ။ သို့သော်အရှင်မြတ် သည် သူတို့အား ပြဋ္ဌာန်းထားတော်မူသည့်အချိန်ကာလတိုင်အောင် အချိန်ပေးတော်မူ၏။ အချိန်စေ့ရောက်ကာလ၊ သူတို့သည် ထိုအချိန်ကို တနာရီမျှမဆုတ်၊ မတိုးနိုင်ချေ။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အာ်း့၎င်းတို့၏ မတရားမှုကြောင့် (ရုတ်တရက်ချက်ချင်း)ဖမ်းဆီးကွပ်မျက်တော်မူပါလျှင်(ဤပထဝီမြေ)ပေါ်ဝယ် သွားလာလှုပ်ရှားသော သတ္တဝါတစ်စုံတစ်ခုကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည်၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူလေသည်။ တစ်ဖန် ၎င်းတို့၏အချိန်ကာလသည် ဆိုက်ရောက်လာသောအခါ၊ ၎င်းတို့သည် တစ်နာရီမျှပင် နောက်သို့ ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့သို့တိုးနိုင်ကြမည်လည်း မဟုတ်ပါပေတကား။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများအား သူတို့၏မတရားမှုကြောင့် (ချက်ချင်း)ဖမ်းဆီး အရေးယူတော်မူမည်သာဆိုလျှင် ဤ(မြေ)ပေါ်၌ သွားလာလှုပ်ရှားသောသတ္တဝါ တစ်ကောင်မှ ကျန်မည်မဟုုတ်တော့ပေ။ သို့ရာတွင် အရှင်မြတ်သည် သူတို့အား သတ်မှတ်ထားသောအချိန်ထိ ဆိုင်းငံ့ထားတော်မူသည်။ ထို့နောက် သူတို့၏အချိန်ကာလ ဆိုက်ရောက်လာသောအခါ၊ သူတို့သည် (ခေတ္တခဏ)တစ်နာရီမျှပင် နောက်ဆုတ်နိုင်ကြမည် မဟုတ်ပေ၊ ၎င်းနောက် ရှေ့လည်းတိုးနိုင်ကြမည် မဟုတ်ပေ။ |