Quran with Burmese translation - Surah An-Nahl ayat 71 - النَّحل - Page - Juz 14
﴿وَٱللَّهُ فَضَّلَ بَعۡضَكُمۡ عَلَىٰ بَعۡضٖ فِي ٱلرِّزۡقِۚ فَمَا ٱلَّذِينَ فُضِّلُواْ بِرَآدِّي رِزۡقِهِمۡ عَلَىٰ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَهُمۡ فِيهِ سَوَآءٌۚ أَفَبِنِعۡمَةِ ٱللَّهِ يَجۡحَدُونَ ﴾
[النَّحل: 71]
﴿والله فضل بعضكم على بعض في الرزق فما الذين فضلوا برادي رزقهم﴾ [النَّحل: 71]
Ba Sein ၇၁။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် အချို့သောသူတို့အား အခြားသူများထက် စည်းစိမ်ဥစ္စာများ၌ ပိုမို ကျေးဇူးပြုတော်မူ၏။ သို့သော်ဤကဲ့သို့ကျေးဇူးပြုတော်မူခြင်းခံရသူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မိမိတို့ ကျေးကျွန်များနှင့် ညီတူညီမျှဖြစ်စေရန် မည်သည့်နည်းနှင့်မျှ ဝေယူကြမည်မဟုတ်ချေ။ သူတို့သည် အလ္လာဟ် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ငြင်းခုံကြသလော။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်အသင်တို့အနက် အချို့ကိုအချို့ထက် စားနပ်ရိက္ခာ တိုးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ရာတွင် (ယင်းကဲ့သို့) တိုးမြှင့်ခြင်းခံကြရသောသူတို့သည် မိမိတို့၏ ဝေစုဝေပုံကို မိမိတို့ပိုင်ဆိုင်ကြကုန်သော ကျေးကျွန်တို့အား ဤ(ဥစ္စာပစ္စည်း)အရာ၌ ၎င်းတို့ (ကျွန်နှင့်သခင်)အားလုံး သာတူညီမျှဖြစ်အံ့သောငှာ ခွဲဝေပေးမည့်သူများ မဟုတ်ကြချေ။ သို့ပါလျက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ငြင်းပယ်ကြလေသလော။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ အချို့ကို အချို့ထက် စားနပ်ရိက္ခာ ပိုပေးတော်မူခဲ့သည်။* ထို့နောက် ပိုပေးခြင်းခံရသောသူများသည် သူတို့၏ပစ္စည်းများကို သူတို့ပိုင်ဆိုင်ကြသော ကျေးကျွန်များအပေါ်တွင် (ကျွန်နှင့်သခင်)အညီအမျှ ခွဲဝေပေးမည့်သူများ မဟုတ်ကြပေ။ သို့ဖြစ်ပါလျက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ငြင်းပယ်ကြသလော။ |