Quran with Burmese translation - Surah Al-Isra’ ayat 102 - الإسرَاء - Page - Juz 15
﴿قَالَ لَقَدۡ عَلِمۡتَ مَآ أَنزَلَ هَٰٓؤُلَآءِ إِلَّا رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ بَصَآئِرَ وَإِنِّي لَأَظُنُّكَ يَٰفِرۡعَوۡنُ مَثۡبُورٗا ﴾
[الإسرَاء: 102]
﴿قال لقد علمت ما أنـزل هؤلاء إلا رب السموات والأرض بصائر وإني﴾ [الإسرَاء: 102]
Ba Sein ၁ဝ၂။ တမန်တော်မူစာက ဤနိမိတ်အ့ံဖွယ်တော်များကို မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်၏ အရှင်သခင်မှတပါး မည်သူမျှ ချမပေးနိုင်ကြောင်းကို မင်းကြီးအမှန်ပင်သိ၏။ အို-ဖွာရောမင်းကြီး၊ သင်သည် အမှန်ပင်ဆုံးရှုံးပျက်စီးသူ ဖြစ်သည်ဟု အကျွနု်ပ်ထင်မှတ်၏ဟု ပြန်ပြော၏။ |
Ghazi Mohammad Hashim ထိုမူစာက (ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ဤသည်တို့ကို မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည်သာလျှင် ပိုင်းခြားသိမြင်နိုင်စေသော သက်သေ သာဓကများအဖြစ်ချပေးတော်မူခဲ့ ကြောင်း။ အမှန်စင်စစ် အသင်သည်သိရှိခဲ့ပြီးဖြစ်ပေသည်။ ၎င်းပြင်၊ အို-ဖိရ်အောင်(န်) ဧကန်စင်စစ် ကျွန်ုပ်သည် အသင့်အား ဆုံးရှုံးဖျက်ဆီးခြင်းခံရမည်ဖြစ်သည်ဟု ထင်မှတ်ပေသတည်း။ |
Hashim Tin Myint ၎င်း(မူစာ)ကပြောသည်- ဤ(တန်ခိုး)များကို သိမြင်နိုင်စေသော သက်သေသာဓကများအဖြစ် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူသော အရှင်မြတ်ကပင် ချပေးတော်မူခဲ့ခြင်း ဖြစ်သည်ကို အမှန်စင်စစ် အသင်သိပြီးဖြစ်သည်။* ထို့ပြင် အို-ဖိရ်အောင်န်၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင့်အား ဖျက်ဆီးခံရမည့်သူဖြစ်သည်ဟု ထင်မြင်ယူဆသည်။ |