Quran with Burmese translation - Surah Al-Isra’ ayat 110 - الإسرَاء - Page - Juz 15
﴿قُلِ ٱدۡعُواْ ٱللَّهَ أَوِ ٱدۡعُواْ ٱلرَّحۡمَٰنَۖ أَيّٗا مَّا تَدۡعُواْ فَلَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ وَلَا تَجۡهَرۡ بِصَلَاتِكَ وَلَا تُخَافِتۡ بِهَا وَٱبۡتَغِ بَيۡنَ ذَٰلِكَ سَبِيلٗا ﴾
[الإسرَاء: 110]
﴿قل ادعوا الله أو ادعوا الرحمن أيا ما تدعوا فله الأسماء الحسنى﴾ [الإسرَاء: 110]
Ba Sein ၁၁ဝ။ အို-တမန်တော်၊ သင်သည် လူသားအပေါင်းတို့ကို ဟောကြားလော့။ ဟယ်-အချင်းတို့၊ သင်တို့သည် အလ္လာဟ် အရှင်မြတ်အထံတော်၌ ဆုတောင်းလော့။ သို့မဟုတ် မဟာဂရုဏာတော်အရှင်ထံတော်၌ ဆုပန်ကြလော့။ သို့မဟုတ် မည်သည့်နာမတော်ကိုမဆို တသ၍ ဆုတောင်းကြလော့။ အတူတူပင်ဖြစ်၏။ အရှင်မြတ်၏ နာမတော် များမှာ လှပင်တင့်တယ်မွန်မြတ်လှချေ၏။ အို-တမန်တော်မိုဟမ္မဒ် သင်သည် ဆွလတ်ဝတ်ကိုပြုသောအခါ အသံမကျယ်စေလင့်။ အသံမထွက်တိတ်တိတ်လည်း မဖြစ်စေလင့်။ အလယ်အလတ်လမ်းစဉ်ကို လိုက်လော့။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားလေ။ အသင်တို့သည် အလ္လာဟ်ဟူ၍ တသကြလေကုန်။ သို့တည်းမဟုတ် ရဟ်မာန်ဟူ၍ တသကြလေကုန်။အသင်တို့သည် မည်သို့ပင်တသကြသည်ဖြစ်စေ၊ (ကောင်းမြတ်လှပေသည်)။ (အဘယ်ကြောင့်ဆိုသော်)ထိုအရှင်မြတ်၌ အထူးကောင်းမြတ်လှစွာသောနာမံတော်များရှိ(နေပေရာ ဤနာမံတော်နှစ်ပါးမှာလည်း ထိုနာမံတော်များအနက် အမြင့်မြတ်ဆုံးသောနာမံတော်များပင်ဖြစ်ကုန်)၏။ ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် မိမိဆွလာတ်ဝတ်ပြုမှုတွင်၊ အသံမြင့်လွန်းကျယ်လွန်း စေခြင်းကိုလည်းကောင်း၊ နိမ့်လွန်းတိုးလွန်းစေခြင်းကိုလည်းကောင်း၊ မပြုပါလေနှင့်။ စင်စစ် အသင်သည် ဤ(နှစ်ခု၏)အကြားတွင်(အလယ်အလတ်)နည်းလမ်းကို ရှာဖွေပါလေ။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ အသင်တို့သည် “အလ္လာဟ်“ဟု ဟစ်ခေါ်တသကြပါ။ သို့မဟုတ် “ရဟ်မာန်“ဟု ဟစ်ခေါ်တသကြပါ။* အသင်တို့သည် မည်သို့ဟစ်ခေါ်တသ သည်ပင်ဖြစ်စေ အရှင်မြတ်တွင် အထူးကောင်းမြတ်သော နာမတော်များရှိနေပေသည်။ ထို့ပြင် အသင်သည် အသင်၏စွလာသ်ဝတ်ပြုမှုတွင် အသံကျယ်လွန်းစေမှုနှင့် အသံတိုးလွန်းစေမှုကို မပြုလေနှင့်။ ၎င်းနောက် အသင်သည် ထိုနှစ်ခုကြားမှ နည်းလမ်းကိုရှာဖွေပါ။ |