Quran with Burmese translation - Surah Al-Isra’ ayat 35 - الإسرَاء - Page - Juz 15
﴿وَأَوۡفُواْ ٱلۡكَيۡلَ إِذَا كِلۡتُمۡ وَزِنُواْ بِٱلۡقِسۡطَاسِ ٱلۡمُسۡتَقِيمِۚ ذَٰلِكَ خَيۡرٞ وَأَحۡسَنُ تَأۡوِيلٗا ﴾
[الإسرَاء: 35]
﴿وأوفوا الكيل إذا كلتم وزنوا بالقسطاس المستقيم ذلك خير وأحسن تأويلا﴾ [الإسرَاء: 35]
Ba Sein ၃၅။ တင်းတောင်းစသည်တို့နှင့် ချိန်တွယ်သောအခါ အပြည့်အမှန်ချိန်တွယ်ကြလော့။ စည်းချိန်နှင့်ချိန်တွယ်သောအခါ အလေး၊ စည်းချိန်တို့ကို မှန်ကန်စေကြလော့။ ဤအပြုအမူသည် သင့်တင့်လျောက်ပတ်၍ အစွန်ဆုံးဘဝ၌ သာလွန်ကောင်းမြတ်၏။ |
Ghazi Mohammad Hashim ၎င်းပြင် အသင်တို့သည် (မိမိတို့ရောင်းချသောဝတ္ထုပစ္စည်း တစ်စုံတစ်ရာကို) တောင်း၊ တင်း၊ ခွက် (စသည့်ပမာဏ(ဖြင့်) ခြင်တွယ်၍(ရောင်းချ) သောအခါဝယ် အပြည့်ခြင်တွယ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်(အလေးချိန်ခွင်ဖြင့် ချိန်တွယ်၍ ရောင်းချသောအခါတွင်လည်း)မှန်ကန်သော (အလေး)ချိန်ခွင်ဖြင့် ချိန်တွယ်(၍ပေး)ကြလေကုန်။ ဤသည်ကား (အသင်တို့အဖို့ ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်း)အမွန်မြတ်ဆုံးပင်ဖြစ်ပေသည်။ (နောင်တမလွန်ဘဝ၏) အကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် ခြင်တွယ်သောအခါ ပြည့်ဝစွာ ခြင်တွယ်ပေးကြပါ။ ၎င်းနောက် ချိန်တွယ်သောအခါ၌လည်း မှန်ကန်သောချိန်ခွင်နှင့် ချိန်တွယ်ပေးကြပါ။* ဤသည် (ဤဘဝတွင်လည်း) အကောင်းဆုံးဖြစ်သည်။ (တမလွန်ဘဝတွင်လည်း)အကျိုးဆက်အားဖြင့် အကောင်းဆုံးပင်ဖြစ်သည်။ |