Quran with Burmese translation - Surah Al-Isra’ ayat 58 - الإسرَاء - Page - Juz 15
﴿وَإِن مِّن قَرۡيَةٍ إِلَّا نَحۡنُ مُهۡلِكُوهَا قَبۡلَ يَوۡمِ ٱلۡقِيَٰمَةِ أَوۡ مُعَذِّبُوهَا عَذَابٗا شَدِيدٗاۚ كَانَ ذَٰلِكَ فِي ٱلۡكِتَٰبِ مَسۡطُورٗا ﴾
[الإسرَاء: 58]
﴿وإن من قرية إلا نحن مهلكوها قبل يوم القيامة أو معذبوها عذابا﴾ [الإسرَاء: 58]
Ba Sein ၅၈။ ရှင်ပြန်ထမြောက်ရမည့်နေ့တော်ကြီးမဆိုက်ရောက်မီ ငါသည် မြို့ရွာနယ်ပယ်တိုင်းအား ဖျက်ဆီးတော်မူမည်။ သို့မဟုတ် အလွန်ပြင်းထန်သောအပြစ်ဒဏ်ကို ခတ်တော်မူမည်။ ဤအကြောင်းအရာကို ငါ၏ ပညတ်ကျမ်း တော်၌ ဖော်ပြထား၏။ |
Ghazi Mohammad Hashim မည်သည့်မြို့ရွာမဆို ငါအရှင်မြတ်သည် ထိုမြို့(သူ)ရွာ(သားတို့)အား ကိယာမတ်မဖြစ်မီအလျင် ဖျက်ဆီးတော်မူမည့်အရှင်၊ သို့မဟုတ် ထိုမြို့(သူ) ရွာ(သားတို့)အား ပြင်းထန်စွာပြစ်ဒဏ်ခတ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ဤသည်(လောင်ဟုမဟ်ဖူဇ်)သင်ပုန်းတွင် ရေးသားပြီးဖြစ်သတည်း။ |
Hashim Tin Myint ထို့ပြင် မည်သည့်မြို့ရွာမဆို ငါအရှင်မြတ်သည် ထိုမြို့ရွာအား ကိယာမသ်မဖြစ်မီအလျင် ဖျက်ဆီးတော်မူမည့်အရှင်၊ သို့မဟုတ် ထိုမြို့(သူ)ရွာ(သား)များအား ပြင်းထန်စွာ ပြစ်ဒဏ်ခတ်တော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ ဤသည် (လောင်ဟိမဟ်ဖူးဇွ်)သင်ပုန်း၌ ရေးသားပြီးဖြစ်သည်။ |