×

စင်စစ်ဧကန်၊ ထို (မယုံကြည်ဖီဆန်ငြင်းပယ်) သူတို့သည် အသင် (တမန်တော်) အား ဖြားယောင်းရန် အမှန်ပင် ကြိုးစားကြလျက် ငါအရှင်မြတ်က အသင့်ထံသို့ 17:73 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:73) ayat 73 in Burmese

17:73 Surah Al-Isra’ ayat 73 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 73 - الإسرَاء - Page - Juz 15

﴿وَإِن كَادُواْ لَيَفۡتِنُونَكَ عَنِ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ لِتَفۡتَرِيَ عَلَيۡنَا غَيۡرَهُۥۖ وَإِذٗا لَّٱتَّخَذُوكَ خَلِيلٗا ﴾
[الإسرَاء: 73]

စင်စစ်ဧကန်၊ ထို (မယုံကြည်ဖီဆန်ငြင်းပယ်) သူတို့သည် အသင် (တမန်တော်) အား ဖြားယောင်းရန် အမှန်ပင် ကြိုးစားကြလျက် ငါအရှင်မြတ်က အသင့်ထံသို့ ဝဟီအမိန့်တော်ပို့ချပေးအပ်တော်မူခြင်းကိုလည်း အသင်က ဖန်တီးသောအရာများအဖြစ် ဝါဒဖြန့်ရန် ကြိုးစားခြင်းဖြင့် ယင်း (ကျမ်းတော်) ကို အရှင့်ထံတော်မှ မဟုတ်ဟု ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ လီဆယ်စွပ်စွဲပြောဆိုကြ၏။ ထို့နောက် သူတို့သည် (သူတို့ ၏အကြံအစည် အထမြောက်စေရန်) အသင့်အား ယုံကြည်စိတ်ချရသော မိတ်ဆွေအဖြစ် အသိအမှတ်ပြုကြလိမ့်မည်။

❮ Previous Next ❯

ترجمة: وإن كادوا ليفتنونك عن الذي أوحينا إليك لتفتري علينا غيره وإذا لاتخذوك, باللغة البورمية

﴿وإن كادوا ليفتنونك عن الذي أوحينا إليك لتفتري علينا غيره وإذا لاتخذوك﴾ [الإسرَاء: 73]

Ba Sein
၇၃။ မိုဟမ္မဒ်၊ သင်သည် ငါထုတ်ပြန်ချပေးသနားတော်မူသောကုရ်အာန်ကျမ်းတော်မြတ်နှင့်ဆန့်ကျင်သောတရားကို ဖန်တီးစိမ့်သောငှာ ထိုကျမ်းတော်မြတ်ကို သွေဖယ်ဖို့ရာ မိစ္ဆာမိုက်တို့သည် သင့်အား ဖျားယောင်းသွေးဆောင်ရန် အထူးကြိုးစားအားထု်ကြ၏။ သို့မှသာ သူတို့သည် သင့်အား မိတ်ဆွေအဖြစ်ဖြင့် လက်ခ့လတ့ံ။
Ghazi Mohammad Hashim
စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင့်ထံသို့ပို့တော်မူခဲ့သောအမိန့်တော်မှတစ်ပါးကို ငါအရှင်မြတ် အပေါ်၌အသင်လီဆယ်ပြောဆိုအံ့သောငှာ ၎င်းတို့သည် အသင့်အားယင်းအမိန့်တော်မှ ချွတ်ချော်တိမ်းပါး စေအံ့ဆဲဆဲပင် ဖြစ်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့သည် အသင့်အား ရင်းနှီးသောအားဖြင့်အဆွေခင်ပွန်းပြုလုပ်ခဲ့ကြမည်အမှန်ပင်။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏ထံသို့ ပို့‌တော်မူခဲ့‌သော အမိန့်‌တော်မှလွဲ၍ အခြားအရာကို ငါအရှင်မြတ်အ‌ပေါ်တွင် အသင် လုပ်ကြံ‌ပြောဆိုရန်အတွက် သူတို့သည် အသင့်အား ထိုအမိန့်‌တော်မှ ချွတ်‌ချော်တိမ်းပါး‌အောင် ပြုလုပ်မည့်ဆဲဆဲဖြစ်ခဲ့ကြသည်။* ၎င်း‌နောက် ထိုသို့(အသင်)ပြုလုပ်လျှင် သူတို့သည် အသင့်အား ရင်းနှီးသည့်အ‌နေဖြင့် မိတ်‌ဆွေပြုလုပ်ခဲ့ကြမည် အမှန်ပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek