Quran with Burmese translation - Surah Maryam ayat 27 - مَريَم - Page - Juz 16
﴿فَأَتَتۡ بِهِۦ قَوۡمَهَا تَحۡمِلُهُۥۖ قَالُواْ يَٰمَرۡيَمُ لَقَدۡ جِئۡتِ شَيۡـٔٗا فَرِيّٗا ﴾
[مَريَم: 27]
﴿فأتت به قومها تحمله قالوا يامريم لقد جئت شيئا فريا﴾ [مَريَم: 27]
Ba Sein ၂၇။ သားဖွားပြီးသောအခါ သူမသည် မိမိ၏ သားငယ်ကို မိမိသားချင်းတို့ထံသို့ ချီဆောင်လာ၏။ သူတို့က အို-မရယမ်၊ သင်သည် အလွန်အ့ံအားသင့်ဖွယ်ကို ယူဆောင်လာချေပြီ။ |
Ghazi Mohammad Hashim ၎င်းနောက် ထိုမရ်ယမ်သည် ယင်းသားရတနာကို(မိမိရင်ခွင်ဝယ်)ပွေ့ချီလျက် မိမိအမျိုးသားတို့ထံ လာခဲ့လေ၏။ (ထိုအခါ)ယင်းအမျိုးသားတို့က(ဤသို့) ပြောကြားခဲ့ကြကုန်၏။ အို-မရ်ယမ် အသင်မ သည် အလွန်ဆိုးဝါးလှသောပြစ်မှုကိုကျူးလွန်ခဲ့သည် တကား။ |
Hashim Tin Myint ထို့နောက် သူမသည် ထိုသားရတနာကို ပွေ့ချီပြီး သူမ၏အမျိုးသားများထံသို့ လာခဲ့သည်။ သူတို့က ပြောဆိုကြသည်- အို- မရ်ယမ်၊ အမှန်ပင် အသင်မသည် အလွန်ဆိုးဝါးလှသော အပြစ်ကို ကျူးလွန်လာခဲ့ပြီ။ |