Quran with Burmese translation - Surah Maryam ayat 42 - مَريَم - Page - Juz 16
﴿إِذۡ قَالَ لِأَبِيهِ يَٰٓأَبَتِ لِمَ تَعۡبُدُ مَا لَا يَسۡمَعُ وَلَا يُبۡصِرُ وَلَا يُغۡنِي عَنكَ شَيۡـٔٗا ﴾
[مَريَم: 42]
﴿إذ قال لأبيه ياأبت لم تعبد ما لا يسمع ولا يبصر ولا﴾ [مَريَم: 42]
Ba Sein ၄၂။ သူသည် သူ၏ ဖခင်အား ဤသို့ဟောကြား၏။ အို-မွေးသဖခင်ကျေးဇူးရှင်၊ ကြားလည်းမကြား၊ မြင်လည်းမမြင်၊ ဖခင်အား အကျိုးအကြောင်းတစုံတခုမှ မပေးစွမ်းနိုင်သောအရာကို ဖခင်သည် အဘယ်ကြောင့်ခဝပ်ကိုးကွယ် ပါသနည်း။ |
Ghazi Mohammad Hashim တစ်ရံရောအခါ ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်)သည် မိမိဖခင်(အာဇရ်)အား (ဤသို့)ပြောကြားခဲ့လေသည်။ အို-ကျွန်ုပ်၏ဖခင်၊ အသင်(ဖခင်)သည် အဘယ်ကြောင့်အကြင်အရာကို ခဝပ်ကိုးကွယ်နေပါသနည်း။ ထိုအရာသည်(တစ်စုံတစ်ရာကိုမျှပင်)ကြားသည်လည်းမဟုတ်၊မြင်သည်လည်းမဟုတ်ချေ။ ထိုမှတစ်ပါး ယင်းအရာသည် အသင်(ဖခင်)အဖို့စိုးစဉ်းမျှပင် အသုံးဝင်နိုင်မည်လည်းမဟုတ်ပေတကား။ |
Hashim Tin Myint တစ်ခါက ၎င်းသည် ၎င်း၏ဖခင်ကိုပြောခဲ့သည်- အို- ကျွန်ုပ်၏ဖခင်၊ အသင်သည် ကြားလည်းမကြား၊ မြင်လည်းမမြင်သည့်အပြင် အသင့်အတွက် မည်သည့်အရာမျှလည်း အသုံးမဝင်သည့်အရာကို အဘယ့်ကြောင့် ကိုးကွယ်နေရသနည်း။ |