×

(ထိုအခါ တမန်တော်အီဗ်ရာဟီးမ်၏ဖခမည်းတော်ဖြစ်) သူက “အို၊ အီဗ်ရာဟီးမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှ မျက်နှာလွှဲကျောခိုင်းသူ ဖြစ်နေသလော။ အကယ်၍ အသင်သည် 19:46 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:46) ayat 46 in Burmese

19:46 Surah Maryam ayat 46 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 46 - مَريَم - Page - Juz 16

﴿قَالَ أَرَاغِبٌ أَنتَ عَنۡ ءَالِهَتِي يَٰٓإِبۡرَٰهِيمُۖ لَئِن لَّمۡ تَنتَهِ لَأَرۡجُمَنَّكَۖ وَٱهۡجُرۡنِي مَلِيّٗا ﴾
[مَريَم: 46]

(ထိုအခါ တမန်တော်အီဗ်ရာဟီးမ်၏ဖခမည်းတော်ဖြစ်) သူက “အို၊ အီဗ်ရာဟီးမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှ မျက်နှာလွှဲကျောခိုင်းသူ ဖြစ်နေသလော။ အကယ်၍ အသင်သည် (အရှင်တစ်ဆူဝါဒကို ယုံကြည်ကိုးကွယ်၍ အခြားလူတို့အားလည်း တစ်ဆူတည်းသောအရှင်မြတ်ကိုသာ ကိုးကွယ်ကြရန် နှိုးဆော်တိုက်တွန်းနေခြင်းအား) မစွန့်လွတ်ခဲ့လျှင် ဧကန်ပင်၊ ကျွန်ုပ်သည် အသင့်အား ခဲဖြင့် ပစ်ပေါက် သတ်စေရလိမ့်မည် (ဖြစ်သောကြောင့် ယခုမှစ၍ ကျွန်ုပ်ထံလာရောက်ဟောပြောခြင်းကို ရှောင်ကြဉ်၍) ကျွန်ုပ်အား ကာလရှည်ကြာစွာ စွန့်ထားလော့။

❮ Previous Next ❯

ترجمة: قال أراغب أنت عن آلهتي ياإبراهيم لئن لم تنته لأرجمنك واهجرني مليا, باللغة البورمية

﴿قال أراغب أنت عن آلهتي ياإبراهيم لئن لم تنته لأرجمنك واهجرني مليا﴾ [مَريَم: 46]

Ba Sein
၄၆။ ထိုအခါသူ၏ မွေးသဖခင်က အေဗရာဟမ် သင်သည် ငါ၏ ဘုရားများကို ငြင်းပယ်သလော၊ သင်သည် မိမိ အယူဝါဒကို မစွန့်လွှတ်လျှင် ငါသည် သင့်အား အမှန်ပင်ခဲနှင့်ပေါက်မည်၊ သင်သည် ငါ့ထံမှ နှစ်ရှည်လများ ထွက်သွားလော့ဟု ပြော၏။
Ghazi Mohammad Hashim
(ထိုအခါ နဗီတမန်တော်အစ်ဗ်ရာဟီမ်၏ဖခင်)ထို(အာဇရ်)က (ဤသို့)ပြောဆို (ကြိမ်းမောင်း)ခဲ့လေသည်။ အိုအစ်ဗ်ရာဟီမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှမျက်နှာလွှဲသူ(ကျောခိုင်း)သူ ဖြစ်နေပါသလော။ အကယ်၍သာအသင်သည် (မိမိလက်ရှိအယူဝါဒကိုလည်းကောင်း၊ မိမိအယူဝါဒနှင့်စပ်လျဉ်း၍ ကျွန်ုပ်၏ရှေ့ဝယ် ဟောပြောခြင်းကိုလည်းကောင်း၊) မစွန့်ခဲ့ပါလျှင် မလွဲဧကန် ကျွန်ုပ်သည် အသင့်အားခဲဖြင့် ပစ်ပေါက်သတ်ရလိမ့်မည်။ ၎င်းပြင် အသင်သည် ကျွန်ုပ်အား ကာလရှည်ကြာစွာ စွန့်ခွာသွားလော့ဟုဆိုလေ၏။
Hashim Tin Myint
သူ(ဖခင်)က ‌ပြောဆိုသည်- အို- အိဗ်ရာဟီမ်၊ အသင်သည် ငါ၏ကိုးကွယ်ရာများဘက်မှ မျက်နှာလွှဲသူ‌လော။ အကယ်၍ အသင်သည် (အသင်၏အယူဝါဒ ‌ပြောဆိုမှုကို) မရပ်တန့်လျှင် ငါသည် အမှန်ပင် အသင့်အား ခဲနှင့်ပစ်‌ပေါက်သတ်မည်။ ထို့ပြင် အသင်သည် ငါ့ကို အချိန်ကြာမြင့်စွာပင် စွန့်လွှတ်သွားလိုက်‌တော့။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek