×

ထိုအခါ (တမန်တော်) အီဗ်ရာဟီမ်းက (ဖခမည်းတော်အား) “ငြိမ်းချမ်းသာယာမှုသည် အသင့်အပေါ်၌ ရှိပါစေ၊” (ကျွန်တော် လမ်းခွဲပါရစေ)၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ 19:47 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:47) ayat 47 in Burmese

19:47 Surah Maryam ayat 47 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 47 - مَريَم - Page - Juz 16

﴿قَالَ سَلَٰمٌ عَلَيۡكَۖ سَأَسۡتَغۡفِرُ لَكَ رَبِّيٓۖ إِنَّهُۥ كَانَ بِي حَفِيّٗا ﴾
[مَريَم: 47]

ထိုအခါ (တမန်တော်) အီဗ်ရာဟီမ်းက (ဖခမည်းတော်အား) “ငြိမ်းချမ်းသာယာမှုသည် အသင့်အပေါ်၌ ရှိပါစေ၊” (ကျွန်တော် လမ်းခွဲပါရစေ)၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်ထံတော်တွင် အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ဆုတောင်းပန် ကြားပါလိမ့်မည်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်အကြင်နာတရား ထားတော်မူ၍ ကျေးဇူးပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါ၏။

❮ Previous Next ❯

ترجمة: قال سلام عليك سأستغفر لك ربي إنه كان بي حفيا, باللغة البورمية

﴿قال سلام عليك سأستغفر لك ربي إنه كان بي حفيا﴾ [مَريَم: 47]

Ba Sein
၄၇။ ထိုအခါတမန်တော်အေဗရာဟမ်က အို-မွေးသဖခင်၊ ဖခင်အပေါ်သို့ အေးချမ်းသာယာခြင်းမင်္ဂလာတော်ကြီး သက်ရောက်ပါစေသော်ဝ်၊ အကျွနု်ပ်သည် မိမိ၏ အရှင်သခင်အား ဖခင်ကို အပြစ်လွှတ်ဖို့ရာ ဆုတောင်းပါမည်၊ မှတ်သားပါလော့၊ အရှင်မြတ်သည် အကျွနု်ပ်အား အမြဲဂရုဏာသက်တော်မူပါ၏။
Ghazi Mohammad Hashim
ထိုအခါ ထို(နဗီတမန်တော်)အအစ်ဗ်ရာဟီမ်က(မိမိဖခင်အာဇရ်အား ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ (အိုဖခင်၊စလာမွန်အလိုက် ငြိမ်းချမ်း သာယာမှုသည် အသင့်အပေါ်၌ရှိပါစေ၊ (ကျွန်တော်လမ်းခွဲပါရစေ)၊ ယခုသော်ကားကျွန်ုပ်သည် အသင်(ဖခင်)အဖို့ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါတော့မည်။ မလွဲဧကန် ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်တရာကျေးဇူးပြုတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။
Hashim Tin Myint
၎င်းက ‌ပြောဆိုခဲ့သည်- ငြိမ်းချမ်းသာယာမှုသည် အသင့်အ‌ပေါ်တွင် ကျ‌ရောက်ပါ‌စေ၊ (ကျွန်ုပ်သည် လမ်းခွဲသွားပါ‌တော့မည်)။ မကြာမီ ကျွန်ုပ်သည် အသင်(ဖခင်)အတွက် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံပါမည်။* အမှန်စင်စစ ်အရှင်မြတ်သည် ကျွန်ုပ်အ‌ပေါ်တွင် အလွန်‌ကျေးဇူးပြု‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek