Quran with Burmese translation - Surah Maryam ayat 72 - مَريَم - Page - Juz 16
﴿ثُمَّ نُنَجِّي ٱلَّذِينَ ٱتَّقَواْ وَّنَذَرُ ٱلظَّٰلِمِينَ فِيهَا جِثِيّٗا ﴾
[مَريَم: 72]
﴿ثم ننجي الذين اتقوا ونذر الظالمين فيها جثيا﴾ [مَريَم: 72]
Ba Sein ၇၂။ ထိုအခါငါသည် ဒုစရိုက်မကောင်းမှုကို ကြဉ်ရှောင်သူတို့အား ကယ်နှုတ်တော်မူ၍ ဒုစရိုက်ကောင်များကို ငရဲ ၌ ဝပ်တွားလျက် ချန်ထားတော်မူမည်။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်မြတ်သည်(မိမိအားကြောက်ရွံ့ရိုသေသောအားဖြင့် ပြစ်မှုဒုစရိုက်များမှ) ရှောင်ကြဉ်ကြကုန်သောသူတို့အား လွတ်မြောက်စေတော်မူမည်။ သို့ရာတွင်မတော်မတရား ကျူးလွန်သော သူတို့အား ငါအရှင်မြတ်သည်ယင်းဂျဟန္နမ်ငရဲဘုံ၌ပင် ပုဆစ်ဒူးတုပ်လျက် စွန့်ပစ်ထားတော်မူအံ့သတည်း။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအား လွတ်မြောက်စေတော်မူမည်။ ထို့ပြင် မတရားကျူးလွန်သူများကို ငါအရှင်မြတ်သည် ထိုငရဲဘုံ၌ပင် ဒူးတုပ်ထားလျက် စွန့်ပစ်ထားတော်မူမည်။ |