×

(အို၊ လူသားတို့) စင်စစ် အသင်တို့အနက်မှ လူတိုင်းသည်ပင် ယင်းငရဲဘုံကို အနီးကပ် ကျော်ဖြတ်ရန်သာ ရှိ၏။ (ဤသည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ 19:71 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:71) ayat 71 in Burmese

19:71 Surah Maryam ayat 71 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 71 - مَريَم - Page - Juz 16

﴿وَإِن مِّنكُمۡ إِلَّا وَارِدُهَاۚ كَانَ عَلَىٰ رَبِّكَ حَتۡمٗا مَّقۡضِيّٗا ﴾
[مَريَم: 71]

(အို၊ လူသားတို့) စင်စစ် အသင်တို့အနက်မှ လူတိုင်းသည်ပင် ယင်းငရဲဘုံကို အနီးကပ် ကျော်ဖြတ်ရန်သာ ရှိ၏။ (ဤသည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က အရှင့်အပေါ်၌ ရှောင်လွှဲ၍မရသောအရာ ယတိပြတ်ဆုံး ဖြတ်ပြီးဖြစ်သောတာဝန်တစ်ရပ် အရှင်မြတ်ကိုယ်တိုင် ပြဌာန်းတော်မူ၏။

❮ Previous Next ❯

ترجمة: وإن منكم إلا واردها كان على ربك حتما مقضيا, باللغة البورمية

﴿وإن منكم إلا واردها كان على ربك حتما مقضيا﴾ [مَريَم: 71]

Ba Sein
၇၁။ သင်တို့အနက် မည်သူမဆို ငရဲသို့ ချဉ်းကပ်ရမည်သာတည်း။ ဤအမိန့်တော်သည် သင်၏ အရှင်သခင်ပြဋ္ဌာန်း ထားတော်မူသောဗျာဒိတ်တော်ဖြစ်၏။
Ghazi Mohammad Hashim
စင်စစ် အသင်တို့အနက် လူတိုင်းလူတိုင်းသည်ယင်းဂျဟန္နမ်ငရဲဘုံ၌ ဆိုက်ရောက်ရမည့်သူချည်း ဖြစ်ကုန်၏။(ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်က မိမိအပေါ်၌ ယတိပြတ်ဆုံး ဖြတ်ပြီးဖြစ်သောတာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။
Hashim Tin Myint
ထို့ပြင် အသင်တို့ထဲမှ မည်သူမဆို ထိုဂျဟန္နမ်ငရဲဘုံ‌ပေါ်တွင် ဖြတ်သန်းသွားရမည့်သူများချည်းသာ ဖြစ်သည်။* (ဤသည်) အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က အရှင်မြတ်အ‌ပေါ်တွင် ဆုံးဖြတ်ထား‌သော တာဝန်တစ်ခုပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek