Quran with Burmese translation - Surah Maryam ayat 75 - مَريَم - Page - Juz 16
﴿قُلۡ مَن كَانَ فِي ٱلضَّلَٰلَةِ فَلۡيَمۡدُدۡ لَهُ ٱلرَّحۡمَٰنُ مَدًّاۚ حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ إِمَّا ٱلۡعَذَابَ وَإِمَّا ٱلسَّاعَةَ فَسَيَعۡلَمُونَ مَنۡ هُوَ شَرّٞ مَّكَانٗا وَأَضۡعَفُ جُندٗا ﴾
[مَريَم: 75]
﴿قل من كان في الضلالة فليمدد له الرحمن مدا حتى إذا رأوا﴾ [مَريَم: 75]
Ba Sein ၇၅။ အို-တမန်တော်၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ မိစ္ဆာအမှားမှုများတွင် နစ်မွန်းနေသူတို့မူကား မဟာ ဂရုဏာတော်အရှင်သည် သူတို့၏ အသက်တာကို အရှင်မြတ်ဂတိဗျာဒိတ်တော်ချမှတ်ထားသောဤဘဝတွင် တွေ့ကြံုခံစားရမည့်အပြစ်ဒဏ်တော်၊ သို့မဟုတ် တရားစီရင်တော်မူသည့်နေ့တော်ကြီးကို သူတို့မြင်ရသည့်တိုင် အောင် ရှည်စေတော်မူမည်။ ထိုအခါသူတို့သည် အဘယ်သူသည် အဆင့်အတန်းဆိုးဝါးနိမ့်ကျသည်။ အဘယ်သူ သည် စစ်မက်ဗိုလ်ပါအင်အားချိနဲ့သည်ကို သိရကြလတံ့။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) မည်သူမဆို လမ်းမှား၌ရှိခဲ့မူ ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် ထိုသူအား အဓွန့်ရှည်စွာ ရွှေ့ဆိုင်းထားတော်မူပေမည်။ နောက်ဆုံးတွင် ထိုသူတို့သည် မိမိတို့ ချိန်းချက်ထားခြင်းခံကြရသော(လောကီ) ပြစ်ဒဏ်ကိုလည်းကောင်း၊ ကိယာမတ်ကိုလည်းကောင်း၊ တွေ့မြင်ကြသောအခါ၊ မည်သူသည် အခြေအနေအားဖြင့် ပို၍ဆိုးရွားသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် အုပ်စုအားဖြင့် အားနည်းသူဖြစ်သည်ကိုလည်းကောင်း၊ ထိုသူတို့သည် မုချ သိရှိကြအံ့သတည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- မည်သူမဆို လမ်းမှားတွင်ရှိခဲ့လျှင် ရဟ်မာန်အနန္တကရုဏာတော်ရှင်သည် ထိုသူ့အား အချိန်ကြာကြာ ရွှေ့ဆိုင်းထားတော်မူသည်။ နောက်ဆုံးတွင် ထိုသူများသည် သူတို့ ချိန်းဆိုထားခြင်းခံရသော ပြစ်ဒဏ်ကိုဖြစ်စေ၊ ကိယာမသ်ကိုဖြစ်စေ တွေ့မြင်ကြသည့်အခါ မည်သူသည် နေရာထိုင်ခင်းအနေဖြင့် အခြေအနေ ပိုဆိုးသူဖြစ်ကြောင်းနှင့် မည်သူသည် အုပ်စုအနေဖြင့် ပိုအားနည်းသူဖြစ်ကြောင်းကို သူတို့ မကြာမီ သိရှိကြလိမ့်မည်။ |