Quran with Burmese translation - Surah Maryam ayat 76 - مَريَم - Page - Juz 16
﴿وَيَزِيدُ ٱللَّهُ ٱلَّذِينَ ٱهۡتَدَوۡاْ هُدٗىۗ وَٱلۡبَٰقِيَٰتُ ٱلصَّٰلِحَٰتُ خَيۡرٌ عِندَ رَبِّكَ ثَوَابٗا وَخَيۡرٞ مَّرَدًّا ﴾
[مَريَم: 76]
﴿ويزيد الله الذين اهتدوا هدى والباقيات الصالحات خير عند ربك ثوابا وخير﴾ [مَريَم: 76]
Ba Sein ၇၆။ အလ္လာဟ်အရှင်မြတ်သည် လမ်းမှန်ကို လျှောက်လိုက်သူတို့အတွက် လမ်းညွှန်ပြအလင်းရောင်ကို ပိုမိုထွန်းလင်း တောက်ပစေတော်မူ၏၊ အစဉ်တည်မြဲသောကုသိုလ်ကောင်းမှုသည် အကျိုးသုခအတွက် သင်၏ အရှင်သခင် ၏ မျက်မှောက်တော်ဝယ် သာလွန်ကောင်းမွန်၏။ ထိုကုသိုလ်ကောင်းမှုသာလျှင် နောင်တမလွန်ဘဝတွင် သာလွန်မွန်မြတ်၏။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ရရှိသူများကို ပိုပြီး တရားလမ်းမှန်တိုးပွားစေတော်မူသည်။ ထို့ပြင် အမြဲတည်ရှိနေမည့် ကောင်းမြတ်သော လုပ်ရပ်များသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် ကုသိုလ်အကျိုးအနေဖြင့်လည်း အကောင်းဆုံးဖြစ်သည်။ နောက်ဆုံးအကျိုးဆက်အနေဖြင့်လည်း အကောင်းဆုံးပင် ဖြစ်သည်။ |