×

(အို၊ ရစူလ်တမန်တော်) အသင်သည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မယုံ ကြည်ဖီဆန်ငြင်းပယ်သူနှင့်ပတ်သက်၍ တွေးမြင် သုံးသပ်သလော။ ထို့ပြင် (သူသည် ပမာမခန့်ပြု သည့်အနေဖြင့် 19:77 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:77) ayat 77 in Burmese

19:77 Surah Maryam ayat 77 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 77 - مَريَم - Page - Juz 16

﴿أَفَرَءَيۡتَ ٱلَّذِي كَفَرَ بِـَٔايَٰتِنَا وَقَالَ لَأُوتَيَنَّ مَالٗا وَوَلَدًا ﴾
[مَريَم: 77]

(အို၊ ရစူလ်တမန်တော်) အသင်သည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မယုံ ကြည်ဖီဆန်ငြင်းပယ်သူနှင့်ပတ်သက်၍ တွေးမြင် သုံးသပ်သလော။ ထို့ပြင် (သူသည် ပမာမခန့်ပြု သည့်အနေဖြင့် “ကျွန်ုပ်သည် အသင်ပြောသမျှကို ဂရုမစိုက်ဘဲ လုပ်မြဲအတိုင်းပင် ဆက်လက်ရပ်တည်လျှင်လည်း) မုချဧကန်၊ ကျွန်ုပ်သည် (လောကီ၌သာမက နောင်တမလွန်ဘဝတွင်လည်း) ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးရတနာများကို ချီးမြှင့်ပေးအပ်ခြင်း ခံရလိမ့်မည်။”ဟု ပြောဆိုခဲ့၏။

❮ Previous Next ❯

ترجمة: أفرأيت الذي كفر بآياتنا وقال لأوتين مالا وولدا, باللغة البورمية

﴿أفرأيت الذي كفر بآياتنا وقال لأوتين مالا وولدا﴾ [مَريَم: 77]

Ba Sein
၇၇။ အို-တမန်တော်၊ သင်သည် ငါ၏ နှုတ်ကပတ်တော်များကို မယုံကြည်သူကို သိမြင်သလော၊ ထိုသူသည် အမှန်ပင်အကျွနု်ပ်အား စည်းစိမ်ဥစ္စာနှင့် သားသမီးအခြွေအရံပေးသနားတော်မူမည်ဟု ဆို၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်)အသင်သည် အကြင်သူအားမြင်ခဲ့လေသလော။ ထိုသူသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်း ငြင်းပယ်ခဲ့သေး၏။ ၎င်းပြင်အမှန်မုချ ကျွန်ုပ်သည် (နောင်တမလွန်ဘဝတွင်လည်း) ဥစ္စာပစ္စည်းကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း၊ ချီးမြှင့်ခြင်းကို ခံရဦးမည်ဟူ၍လည်း ပြောဆိုခဲ့ပေသည်။
Hashim Tin Myint
အသင်(တမန်‌တော်)သည် အကြင်သူ့ကို မြင်ခဲ့သ‌လော။ ထိုသူသည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် (တမလွန်ဘဝတွင်) ပစ္စည်းဥစ္စာနှင့် သားသမီးကို ‌ပေးသနားခံရဦးမည်ဟု ‌ပြောဆိုခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek