×

သို့ဖြစ်ပေရာ အသင်သည် (မယုံကြည်သူနှင့်သွေဖည်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အပေါ် (မတရား ဖိနှိပ်ညှင်းပန်းမှုများ၏အကျိုးဆက်အဖြစ် ပျက်ကိန်းရောက်လာရန်) အလျင်စလို လိုလားလျက် စိတ်မစောလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည်သာလျှင် 19:84 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:84) ayat 84 in Burmese

19:84 Surah Maryam ayat 84 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 84 - مَريَم - Page - Juz 16

﴿فَلَا تَعۡجَلۡ عَلَيۡهِمۡۖ إِنَّمَا نَعُدُّ لَهُمۡ عَدّٗا ﴾
[مَريَم: 84]

သို့ဖြစ်ပေရာ အသင်သည် (မယုံကြည်သူနှင့်သွေဖည်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အပေါ် (မတရား ဖိနှိပ်ညှင်းပန်းမှုများ၏အကျိုးဆက်အဖြစ် ပျက်ကိန်းရောက်လာရန်) အလျင်စလို လိုလားလျက် စိတ်မစောလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည်သာလျှင် သူတို့အတွက် (သူတို့၏ပြုမူဆောင်ရွက်မှုများကြောင့် ပျက်ကိန်း ဆိုက်ရောက်ရမည့်နေ့ရက်အား) တွက်ချက်သတ်မှတ် ထားသော နေ့ရက်အဖြစ် ရေ တွက်စေ၍ ပြဌာန်းထားတော်မူ၏။

❮ Previous Next ❯

ترجمة: فلا تعجل عليهم إنما نعد لهم عدا, باللغة البورمية

﴿فلا تعجل عليهم إنما نعد لهم عدا﴾ [مَريَم: 84]

Ba Sein
၈၄။ ထို့ကြောင့်အို-မိုဟမ္မဒ်၊ သူတို့ကို အဆောတလျင်အပြစ်ဒဏ်ထိဖို့ကို မလိုလားလင့်၊ ငါသည် သူတို့အား အချိန်သတ်မှတ်ပေးထားတော်မူ၏။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ အသင်သည် ယင်း(သွေဖည်ငြင်းပယ်သောသူ)တို့နှင့်ပတ်သက်၍ အလျင်မလိုလေနှင့်။ ငါအရှင်မြတ်ကိုယ်တော်တိုင်ပင် ၎င်းတို့(၏အပြုအမူများ)ကို ရေတွက်လျက် ရှိနေတော်မူပေသတည်း။
Hashim Tin Myint
သို့ဖြစ်ရာ အသင်သည် သူတို့နှင့်ပတ်သက်၍ အလျင်စလိုမပြုပါနှင့်။ ငါအရှင်မြတ်ကိုယ်တိုင်ပင် သူတို့(၏ အပြုအမူများ)ကို ‌ရေတွက်(မှတ်သား)‌နေ‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek