Quran with Burmese translation - Surah Maryam ayat 90 - مَريَم - Page - Juz 16
﴿تَكَادُ ٱلسَّمَٰوَٰتُ يَتَفَطَّرۡنَ مِنۡهُ وَتَنشَقُّ ٱلۡأَرۡضُ وَتَخِرُّ ٱلۡجِبَالُ هَدًّا ﴾
[مَريَم: 90]
﴿تكاد السموات يتفطرن منه وتنشق الأرض وتخر الجبال هدا﴾ [مَريَم: 90]
Ba Sein ၉ဝ။ ထိုစကားကြောင့် မိုးကောင်းကင်အထပ်ထပ်သည် အစိတ်စိတ်အမွှာမွှာပြိုကျရမလောက်ဖြစ်၏။ ကမ္ဘာမြေကြီး လည်း ကွဲသွားရမလောက်ဖြစ်၏။ တောင်ကြီးတောင်ငယ်များလည်း ပျက်ပြိုသွားကြရမလောက်ဖြစ်၏။ |
Ghazi Mohammad Hashim ယင်းပြောဆိုမှုကြောင့် မိုးကောင်းကင်များသည်ပြိုလုအံ့ဆဲဆဲ၊ ပထဝီမြေသည်အက်ကွဲအံ့ဆဲဆဲ၊ တောင်များသည်တုန်လှုပ်၍ ပြိုလဲကျအံ့ဆဲဆဲ၊ ဖြစ်ကုန်ကြပေသည်။ |
Hashim Tin Myint ထိုပြောဆိုမှုကြောင့် မိုးကောင်းကင်များသည် ပြိုမည့်ဆဲဆဲနှင့် မြေပထဝီသည် အက်ကွဲမည့်ဆဲဆဲဖြစ်သည့်အပြင် တောင်များသည်လည်း တုန်လှုပ်ပြီး ပြိုလဲကျမည့်ဆဲဆဲဖြစ်ကြသည်။ |