×

(သူတို့၏လိမ်လည်ငြင်းဆန်မှုနှင့်အဖျက်အမှောင့်ပြုရန် ဆွပေးလိုသော ဆန္ဒကြောင့်) သူတို့အား (ကောင်းမှု ပြုရန် တိုက်တွန်းခြင်းနှင့်မကောင်းမှုအား တားမြစ်ခြင်းသည် ယုံကြည်သူတို့၏တာဝန်များအနက်မှ ဖြစ်ကြောင်း လမ်းညွှန်တော်မူသည့်အတိုင်း) “မြေကမ္ဘာပေါ်တွင် 2:11 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:11) ayat 11 in Burmese

2:11 Surah Al-Baqarah ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 11 - البَقَرَة - Page - Juz 1

﴿وَإِذَا قِيلَ لَهُمۡ لَا تُفۡسِدُواْ فِي ٱلۡأَرۡضِ قَالُوٓاْ إِنَّمَا نَحۡنُ مُصۡلِحُونَ ﴾
[البَقَرَة: 11]

(သူတို့၏လိမ်လည်ငြင်းဆန်မှုနှင့်အဖျက်အမှောင့်ပြုရန် ဆွပေးလိုသော ဆန္ဒကြောင့်) သူတို့အား (ကောင်းမှု ပြုရန် တိုက်တွန်းခြင်းနှင့်မကောင်းမှုအား တားမြစ်ခြင်းသည် ယုံကြည်သူတို့၏တာဝန်များအနက်မှ ဖြစ်ကြောင်း လမ်းညွှန်တော်မူသည့်အတိုင်း) “မြေကမ္ဘာပေါ်တွင် အဖျက်အမှောင့် (နှင့်မတည်မငြိမ်မှုများ) မပြုကြလေနှင့်။”ဟု ပြောသည့်အခါတိုင်း သူတို့က “ကျွန်တော်တို့သည် (အေးချမ်းသာယာအောင် ရင်ကြားစေ့လျက်) ပြုပြင်လိုကြ သူများသာ ဖြစ်ကြ၏။” ဟု ပြောဆိုကြလေ၏။

❮ Previous Next ❯

ترجمة: وإذا قيل لهم لا تفسدوا في الأرض قالوا إنما نحن مصلحون, باللغة البورمية

﴿وإذا قيل لهم لا تفسدوا في الأرض قالوا إنما نحن مصلحون﴾ [البَقَرَة: 11]

Ba Sein
၁၁။ ထို့ပြင်သူတို့အား ပထဝီမြေကြီးပေါ်တွင် အကျိုးပျက်စီးမှု မပြုလုပ်ကြလင့်ဟုပြောသောအခါ သူတို့က အကျွန်ုပ်တို့သည် ငြိမ်းချမ်းသာယာမှုကို ပွားများသူများသာဖြစ်ကြ၏ဟု တုန့်ပြန်ပြောဆိုကြ၏။
Ghazi Mohammad Hashim
ထို(မုစ်လင်(မ်)အသွင်ဆောင်သော) သူများအား အချင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပြင်ပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း အမှုကိစ္စ များကို မပြုလုပ်ကြလင့်ဟု ဩဝါဒစကား ပြောကြား သောအခါ ထိုသူများက ကျွန်ုပ်တို့သည် (အေးချမ်း သာယာအောင်) ပြုလုပ်သူများသာ ဖြစ်ကြပါသည်ဟု တုံ့ပြန် ဖြေဆိုကြလေသည်။
Hashim Tin Myint
ထို့ပြင် ၎င်း(‌ယောင်‌ဆောင်)သူများအား အသင်တို့သည် ကမာ္ဘ‌မြေ‌ပေါ်တွင် ဖျက်လိုဖျက်ဆီးမပြုလုပ်ကြနှင့်ဟု ‌ပြောဆိုလိုက်‌သောအခါ သူတို့က ကျွန်ုပ်တို့သည် ‌ကောင်းမွန်‌အောင်ပြုပြင်သူများသာ ဖြစ်ကြပါသည်ဟု ‌ပြောဆိုကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek