Quran with Burmese translation - Surah Al-Baqarah ayat 137 - البَقَرَة - Page - Juz 1
﴿فَإِنۡ ءَامَنُواْ بِمِثۡلِ مَآ ءَامَنتُم بِهِۦ فَقَدِ ٱهۡتَدَواْۖ وَّإِن تَوَلَّوۡاْ فَإِنَّمَا هُمۡ فِي شِقَاقٖۖ فَسَيَكۡفِيكَهُمُ ٱللَّهُۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴾
[البَقَرَة: 137]
﴿فإن آمنوا بمثل ما آمنتم به فقد اهتدوا وإن تولوا فإنما هم﴾ [البَقَرَة: 137]
Ba Sein ၁၃၇။ ထို့ပြင် သူတို့သည် သင်တို့ယုံကြည်သည့်အတိုင်း ယုံကြည်ကြလျှင် သူတို့သည် လမ်းမှန်ကို ညွှန်ပြခြင်း ခံရသူများဖြစ်ကြ၏။ သို့သော် သူတို့သည် မယုံကြည်ဘဲ ကျောခိုင်းသွားလျှင် သူတို့သည် ဂိုဏ်းခွဲသွား သူများဖြစ်ကြ၏။'' သင့်ကို သူတို့မှ ကာကွယ်ဘို့ရာ အလ္လာဟ်အရှင်နှင့် လုံလောက်တော်မူလိမ့်မည်။ အရှင်မြတ်သည် အရာရာကို ကြားသိတော်မူသောအရှင်၊ မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထို့ကြောင့် အကယ်စင်စစ် (ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့သည်) အသင်တို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြပါမူ ဧကန်အမှန် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြကုန်အံ့။ သို့ရာတွင် အကယ်၍သာ လွှဲဖယ် ရှောင်ရှား ကျောခိုင်းသွားကြပါမူ ယင်းသူတို့သည် ငြင်းခုံကွဲပြား ဆန့်ကျင်ဘက်ပြုကြသူများသာ ဖြစ်ကြလတ္တံ့။ သို့ဖြစ်လေရာ အကယ်၍ ယင်းသူတို့နှင့် ယှဉ်ပြိုင်ဖို့ရာ အကြောင်းကိစ္စ ပေါ်ပေါက်လာပါက အသင်သည် မစိုးရိမ်လင့်။ အသင်၏အဖို့ အလ္လာဟ် အရှင်မြတ်သည် အလုံးစုံတို့ကို အကြွင်းမရှိ ကြားတော်မူထသော အရှင်၊ အရာပ်သိမ်းကို အကြွင်းမရှိ သိစွမ်းတော်မူသော အရှင်ပေတည်း။ |
Hashim Tin Myint ထို့နောက် အကယ်၍ သူ(ယဟူဒီနှင့် နတ်စ်ွရာနီ)တို့သည် အသင်တို့(စွဟာဗဟ်များ) အီမာန်ယုံကြည်ကြသကဲ့သို့ ယုံကြည်ခဲ့ကြလျှင် သူတို့သည်လည်း တရားလမ်းမှန်ကို အမှန်စင်စစ် ရရှိကြလိမ့်မည်။ ထို့နောက် အကယ်၍ သူတို့သည် ကျောခိုင်းမျက်နှာလွှဲသွားကြလျှင် အမှန်စင်စစ် သူတို့သည် ကွဲပြားဆန့်ကျင်မှုထဲ၌ပင် ရှိနေကြပေမည်။ သို့ဖြစ်ရာ အသင်(တမန်တော်)အား သူတို့(၏ရန်ပြုမှု)မှ အလ္လာဟ်အရှင်မြတ်(၏ကူညီစောင့်ရှောက်မှု)သည် လုံလောက်စေတော်မူလိမ့်မည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |