Quran with Burmese translation - Surah Al-Baqarah ayat 139 - البَقَرَة - Page - Juz 1
﴿قُلۡ أَتُحَآجُّونَنَا فِي ٱللَّهِ وَهُوَ رَبُّنَا وَرَبُّكُمۡ وَلَنَآ أَعۡمَٰلُنَا وَلَكُمۡ أَعۡمَٰلُكُمۡ وَنَحۡنُ لَهُۥ مُخۡلِصُونَ ﴾
[البَقَرَة: 139]
﴿قل أتحاجوننا في الله وهو ربنا وربكم ولنا أعمالنا ولكم أعمالكم ونحن﴾ [البَقَرَة: 139]
Ba Sein ၁၃၉။ အို၊ တမန်တော်၊ သင်သည် ရှေးကျမ်းတော်ရရှိသူတို့အား ဟောကြားလော့။ ဟယ် အချင်းတို့ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ အကျွန်ု်ပ်တို့နှင့် အငြင်းအခုံပြုကြသလော။ အရှင်မြတ်သည် အကျွန်ုပ်တို့နှင့် သင်တို့၏ အရှင်သခင်ဖြစ်တော်မူ၏။ အကျွန်ုပ်တို့၏ ပြုကျင့်မှုများ သည် အကျွန်ုပ်တို့အဘို့ဖြစ်သည်။ သင်တို့၏ ပြုကျင့်မှုများသည် သင်တို့အဘို့ဖြစ်သည်။ အကျွန်ု်ပ်တို့ သည် အရှင်မြတ်အားသာ အမှန်ကိုးကွယ်ပါ၏။ |
Ghazi Mohammad Hashim အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)၊ အသင်သည် ယင်းယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့ကို] ဟယ်-အချင်းတို့ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက်၍ ငါတို့နှင့် အခြေအတင် ပြောဆိုငြင်းခုံ ကြလေသလော၊ စင်စစ်တမူကား ထိုအရှင်မြတ်သည်သာလျှင် ငါတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ မွေးမြူတော်မူသော အသျှင်တည်း။ ထို့ပြင်တဝ ငါတို့၏ ကိုယ်ကျင့်သီလများသည် ငါတို့အဖို့အရာသာ ဖြစ်သည်၊ ထိုနည်းတူစွာ အသင်တို့၏ ကိုယ်ကျင့်သီလ များသည်လည်း အသင်တို့အဘို့ အရာသာဖြစ်သည်။ ငါတို့သည် ထိုအရှင်မြတ်ကိုသာလျှင် စိတ်စေတနာ ဖြူစင်စွာဖြင့် ကိုးကွယ်ဆည်းကပ်သူများ ဖြစ်ကြလေသည် ဟု ပြောကြားပါလေ။ |
Hashim Tin Myint (အို-တမန်တော်)အသင်သည် (ယဟူဒီများကို)ပြောလိုက်ပါ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့နှင့်အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဖြစ်တော်မူပါလျက်နှင့် ကျွန်ုပ်တို့အား အငြင်းအခုံ ပြုလုပ်နေကြပါသလော။ ထို့ပြင် ကျွန်ုပ်တို့၏လုပ်ရပ်များသည် ကျွန်ုပ်တို့အတွက်ဖြစ်၍ အသင်တို့၏လုပ်ရပ်များသည် အသင်တို့အတွက်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်ကိုသာ စိတ်စေတနာဖြူစင်မှုဖြင့် တစ်စိတ်တစ်လက်တည်း ကိုးကွယ်သူများဖြစ်ကြသည်။ |