×

ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ သူတို့၏ဖခင်များ (ဖြစ်သောဘိုး၊ဘေး၊ဘီ၊ဘင်များ) က မည်သည့် တစ်စုံတစ်ရာကိုမျှ မတွေးခေါ်၊ မဆင်ခြင်နိုင်ကြသည့်အပြင် လမ်းညွှန်မှန် ရရှိသူများလည်း မဟုတ် 2:170 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:170) ayat 170 in Burmese

2:170 Surah Al-Baqarah ayat 170 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 170 - البَقَرَة - Page - Juz 2

﴿وَإِذَا قِيلَ لَهُمُ ٱتَّبِعُواْ مَآ أَنزَلَ ٱللَّهُ قَالُواْ بَلۡ نَتَّبِعُ مَآ أَلۡفَيۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ءَابَآؤُهُمۡ لَا يَعۡقِلُونَ شَيۡـٔٗا وَلَا يَهۡتَدُونَ ﴾
[البَقَرَة: 170]

ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ သူတို့၏ဖခင်များ (ဖြစ်သောဘိုး၊ဘေး၊ဘီ၊ဘင်များ) က မည်သည့် တစ်စုံတစ်ရာကိုမျှ မတွေးခေါ်၊ မဆင်ခြင်နိုင်ကြသည့်အပြင် လမ်းညွှန်မှန် ရရှိသူများလည်း မဟုတ် (သည်ကို သိနေကြ) သော်ငြားလည်း (စေတန်မကောင်းဆိုးဝါး၏ခြေရာနောက်လိုက်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်ရာကို လိုက်နာကြလော့။” ဟု အပြောခံရသည့်အခါတိုင်း “(ကျွန်ုပ်တို့ မလိုက်နာ နိုင်ပါ၊) အမှန်မှာ ကျွန်ုပ်တို့၏ဖခင်များ (ဖြစ်သောဘိုး၊ ဘေး၊ ဘီ၊ ဘင်များက ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ် ကိုးကွယ်ကြသည့် မိရိုးဖလာလမ်းစဉ်) ၌ တွေ့ခဲ့ရသည့်အတိုင်းသာ လိုက်နာကြပါမည်။” ဟု ဖြေဆိုခဲ့ကြသည်။

❮ Previous Next ❯

ترجمة: وإذا قيل لهم اتبعوا ما أنـزل الله قالوا بل نتبع ما ألفينا, باللغة البورمية

﴿وإذا قيل لهم اتبعوا ما أنـزل الله قالوا بل نتبع ما ألفينا﴾ [البَقَرَة: 170]

Ba Sein
၁၇ဝ။ ထို့ပြင် သူတို့အား၊ ဟယ် - အချင်းတို့ သင်တို့သည် အလ္လာဟ်အရှင်မြတ်ချပေးတော်မူသော တရား တော်ကို လိုက်နာကြလော့ဟု ပြောသောအခါ သူတို့က အကျွန်ုပ်တို့သည် မိရိုးဖလာကိုသာ လိုက်နာ သည်ဟု ပြန်ပြောကြ၏။ သူတို့သည် မိမိတို့မိဘဘိုးဘွားတို့အသိဉာဏ် လုံးဝမရှိ၊ နည်းပြလမ်းညွှန် တစ်စုံတစ်ရာ မရှိသော်လည်း မိရိုးဖလာအတိုင်း ပြုကျင့်ကြမည်လော။
Ghazi Mohammad Hashim
၎င်းပြင် (အမြော်အမြင်မရှိသော) ထိုသူတို့ကို တဦးတယောက်က (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ် ပေးသနားတော်မူသော တရားဒေသနာများကို လိုက်နာကြ ပါကုန်ဟု ပြောဆိုပါလျှင် ယင်းသူတို့က ပြောဆိုကြသည်မှာ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား အကြင် တရားလမ်းစဉ်ပေါ်၌ အကျွန်ုပ်တို့သည် မိမိတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် များကို တွေ့ရ၏။ ထိုတရားလမ်းစဉ် ကိုသာလျှင် ကျွန်ုပ်တို့သည် လိုက်နာကြအံ့ဟု တုံ့ပြန်ပြောဆိုကြကုန်သည်။ ၎င်းတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့သည် တစုံတရာကိုမျှ မဆင်ခြင် နိုင်ကြသည့်ပြင်၊ တရားလမ်းမှန်ကို မရရှိကြသော်လည်း (၎င်းတို့သည် ထိုသို့သော ဘိုး၊ ဘေးတို့၏ လမ်းစဉ်ကိုပင် လိုက်နာကြမည်လော)။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူ‌သောအရာ(တရား‌တော်)များကို လိုက်နာကြပါဟု သူတို့ကို ‌ပြောဆိုခံကြရသည့်အခါ သူတို့က‌ပြောဆိုကြသည်၊ ထိုသို့ လိုက်နာမည်မဟုတ်ပါ၊ အမှန်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုး၊‌ဘေးများလိုက်နာ‌နေသည်ကို ကျွန်ုပ်တို့‌တွေ့ခဲ့ရသည့်အရာကိုသာ လိုက်နာကြမည်။* အကယ်၍ သူတို့၏ဘိုး၊‌ဘေးများသည် မည်သည့်အရာမှမသိကြသည့်အပြင် လမ်းမှန်ရသည့်သူများ မဟုတ်ကြလျှင်လည်း(သူတို့‌နောက်ကိုသာလိုက်ကြမည်‌လော)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek