Quran with Burmese translation - Surah Al-Baqarah ayat 179 - البَقَرَة - Page - Juz 2
﴿وَلَكُمۡ فِي ٱلۡقِصَاصِ حَيَوٰةٞ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ لَعَلَّكُمۡ تَتَّقُونَ ﴾
[البَقَرَة: 179]
﴿ولكم في القصاص حياة ياأولي الألباب لعلكم تتقون﴾ [البَقَرَة: 179]
Ba Sein ၁၇၉။ ဤလက်စားချေခြင်း ပညတ်တော်၌ သင်တို့အဖို့ အသက်ရှင်ကြောင်းပါရှိ၏။ အို - ပညာရှိတို့၊ ထိုပညတ်တော်ကို စီရင်တော်မူခြင်းမှာ သင်တို့သည် ဒုစရိုက်အမှုအခင်းကို တွန်းလှန်ကြဉ်ရှောင် ဖို့ရာဖြစ်၏။ |
Ghazi Mohammad Hashim အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင် အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာပေသည်။ |
Hashim Tin Myint အို- အသိဉာဏ်ရှိသူအပေါင်းတို့၊ အသင်တို့သည် (မတရားသတ်ဖြတ်ခံရခြင်းမှ) ရှောင်ကြဉ်နိုင်ကြရန်အတွက်*ထိုသို့ သေစားသေစေခြင်းထဲ၌ အသင်တို့အတွက် အသက်ရှင်ခြင်းရှိသည်။ |