Quran with Burmese translation - Surah Al-Baqarah ayat 215 - البَقَرَة - Page - Juz 2
﴿يَسۡـَٔلُونَكَ مَاذَا يُنفِقُونَۖ قُلۡ مَآ أَنفَقۡتُم مِّنۡ خَيۡرٖ فَلِلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱبۡنِ ٱلسَّبِيلِۗ وَمَا تَفۡعَلُواْ مِنۡ خَيۡرٖ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٞ ﴾
[البَقَرَة: 215]
﴿يسألونك ماذا ينفقون قل ما أنفقتم من خير فللوالدين والأقربين واليتامى والمساكين﴾ [البَقَرَة: 215]
Ba Sein ၂၁၅။ အို - မုဟမ္မဒ်၊ သူတို့သည် သင့်အား အဘယ်အရာကို သုံးစွဲရမည်နည်းဟု မေးကြ၏။ သင်ဟောကြား လော့။ ဟယ် အချင်းတို့ သင်တို့သည် ကောင်းသောအရာကို သုံးစွဲကြလော့။ သင်တို့သည် မိဘ နှစ်ပါး ဆွေမျိုးသားချင်း၊ မိဘမဲ့သူ၊ သူဆင်းရဲနှင့် ခရီးသည် အာဂန္တုများအပေါ်၌ မိမိတို့ ဥစ္စာပစ္စည်း မှ သုံးစွဲကြလော့။ သင်တို့ပြုကျင့်သမျှတို့ကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်)အချို့သောသူများသည်(ကု သိုလ်အကျိုးငှာ)မည်သည့်အရာဝတ္ထုကို(မည်သည့်နေရာ၌)လှူဒါန်း ပေးကမ်း သုံးစွဲကြရပါမည်နည်းဟု အသင့်ကိုမေးမြန်း ကြရာ အသင်သည် (ယင်းသူတို့အား) အသင်တို့သည် (မိမိတို့နှစ် သက်ရာကို) ပေးကမ်းလှူဒါန်းနိုင်ကြပေသည်။ သို့ရာတွင် မိဘ နှစ်ပါးတို့အဖို့လည်းကောင်း၊ ဆွေမျိုးနီးစပ်သောသူတို့ အဖို့ လည်းကောင်း၊ ဖသက်ဆိုးတို့အဖို့လည်းကောင်း၊ သူဆင်း ရဲတို့ အဖို့လည်းကောင်း၊ ခရီးသည်အာဂန္တု (များ)အဖို့လည်းကောင်း (သုံးစွဲ လှူဒါန်းခြင်းသည် ပိုမိုသင့်မြတ်လှပေသည်)။ အမှန်စင်စစ် အသင်တို့သည် မည်သည့်ကောင်းမှုကုသိုလ်မျိုးကိုမဆိုပြုလုပ် ကြပါမူ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ထိုပြုလုပ်သမျှ သော ကောင်းမှုကုသိုလ်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူသည် ဟု ဖြေကြားပါလေ။ |
Hashim Tin Myint သူတို့က အသင့်အား သူတို့သည် မည်သည့်အရာကို လှူဒါန်းသုံးစွဲရမည်နည်းဟု မေးမြန်းကြသည်။ (အို-တမန်တော်)အသင်ပြောလိုက်ပါ၊ ကောင်းသည့်အရာထဲမှ အသင်တို့သည် မည်သည့်အရာများကိုပင် လှူဒါန်းသုံးစွဲကြသည်ဖြစ်စေ၊ ထိုအရာများသည် မိဘနှစ်ပါးအတွက်၊ ဆွေမျိုးသားချင်းများအတွက်၊ အဘမဲ့ကလေးများအတွက်၊ ဆင်းရဲသားများအတွက်နှင့် ခရီးသည်များအတွက် ဖြစ်ရန်လိုပေသည်။* ၎င်းပြင် အသင်တို့သည် ကောင်းသည့်အထဲမှ မည်သည့်အရာကိုပင် ပြုလုပ်ကြသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာ(ကောင်းမှု)ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |