Quran with Burmese translation - Surah Al-Baqarah ayat 220 - البَقَرَة - Page - Juz 2
﴿فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۗ وَيَسۡـَٔلُونَكَ عَنِ ٱلۡيَتَٰمَىٰۖ قُلۡ إِصۡلَاحٞ لَّهُمۡ خَيۡرٞۖ وَإِن تُخَالِطُوهُمۡ فَإِخۡوَٰنُكُمۡۚ وَٱللَّهُ يَعۡلَمُ ٱلۡمُفۡسِدَ مِنَ ٱلۡمُصۡلِحِۚ وَلَوۡ شَآءَ ٱللَّهُ لَأَعۡنَتَكُمۡۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٞ ﴾
[البَقَرَة: 220]
﴿في الدنيا والآخرة ويسألونك عن اليتامى قل إصلاح لهم خير وإن تخالطوهم﴾ [البَقَرَة: 220]
Ba Sein ၂၂ဝ။ လောကီ လောကုတ္တရာအရေးများနှင့်စပ်လျဉ်း၍ စဉ်းစားဖို့ရာဖြစ်၏။ ထို့ပြင် သူတို့သည်သင့်အား မိဘမဲ့တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြ၏။ သင်ဟောကြားလော့။ သူတို့၏အခြေအနေကို တိုးတက် ကြီးပွားစေခြင်းသည် အကောင်းဆုံးဖြစ်၏။ သင်တို့သည် မိမိ၏အမှုအခင်းများနှင့် သူတို့၏ အမှု အခင်းများကို ရောနှောလျှင် သူတို့သည် သင်တို့၏ ညီအစ်ကိုဖြစ်ပေ၏။ အလ္လာဟ်အရှင်မြတ်သည် အကျိုးဖျက်ဆီးသူနှင့် အကျိုးတိုးပွားစေသူတို့ကို ခွဲခြား၍ သိတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့လျှင် သင်တို့အပေါ်သို့ လေးလွန်သောဝန်ကို တင်နိုင်တော်မူ၏။ အလ္လာဟ်အရှင်မြတ် သည် အနန္တတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ဤပစ္စုပ္ပန်ဘဝနှင့် နောင်တမလွန်ဘဝ (၏ ကိစ္စအဝဝတို့)နှင့်စပ်လျဉ်း၍။ ထို့ပြင်တဝ(အို-နဗီတမန်တော်) ယင်းသူတို့သည် အသင့်ကို ဖမဲ့ကလေးသူငယ်များနှင့် ပတ်သက် ၍လည်း(လာရောက်)မေးမြန်းကြ၏။ အသင်သည် ယင်းသူတို့ ကို (ဤသို့) ဖြေကြားပါလေ။ ထိုဖမဲ့ကလေးသူငယ်တို့ (၏အခြေ အနေ)ကို ကောင်းမွန်မှန်ကန်အောင် ပြုပြင်ပေးခြင်း သည်သာ လျှင် အကောင်းဆုံး အမြင့်မြတ်ဆုံးပင်ဖြစ်သည်။ အကယ် ၍သာ အသင်တို့သည် ယင်းသူငယ်တို့နှင့် ရောနှော ပေါင်းစပ် ကြပါလျှင် (စိုးရိမ်စရာမရှိ) ထိုဖမဲ့ကလေးသူငယ် တို့သည် အသင်တို့၏ ညီနောင်များပင် ဖြစ်ကြကုန်၏။ စင်စစ်သော် ကား အလ္လာဟ်အရှင်မြတ်သည် ဖသက်ဆိုးတို့၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်သောသူများနှင့် ကောင်းမွန်အောင် ပြုပြင် ပေးသောသူများကို ခွဲခြား၍သိရှိတော်မူသည်။ ထိုမှ တစ်ပါးတုံ အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် အလို တော်ရှိတော်မူခဲ့ပါလျှင် အသင်တို့ကို (မိဖမဲ့ ကလေးသူငယ်များ နှင့်ပတ်သက်၍ ခဲယဉ်းသော စည်းမျဉ်းဥပဒေသတ်မှတ် တော်မူပြီးလျှင်) မုချ ဒုက္ခရောက်စေ တော်မူပြီးဖြစ်ချေပြီ။ မုချ အလ္လာဟ်အရှင်မြတ်သည် တန်ခိုး အာနုဘော်ဖြင့်လွှမ်းမိုးတော် မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံ တော်မူသောအရှင် ဖြစ်တော်မူသတည်း။ |
Hashim Tin Myint ဤဘဝနှင့် တမလွန်ဘဝတွင် (အသင်တို့ အကျိုးခံစားရမည့်ကိစ္စများကို စဉ်းစားဆင်ခြင်ကြရန်ဖြစ်သည်)။* ထို့ပြင် သူတို့သည် အသင်(တမန်တော်)အား အဘမဲ့ကလေးများနှင့် ပတ်သက်၍(လာရောက်) မေးမြန်းကြသည်။ (အို-တမန်တော်)အသင်ပြောလိုက်ပါ၊ ထိုအဘမဲ့ကလေးများအား ကောင်းမွန်အောင်ပြုပြင်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ထိုကလေးများနှင့် ရောနှောဆက်ဆံ(ပြီးအတူတကွ စားသုံး)ကြလျှင် ထိုကလေးများသည် အသင်တို့၏ညီနောင်များပင် ဖြစ်ကြ(သည့်အတွက် အတူတကွ ရောနှောစားသုံးပိုင်ခွင့်ရှိ)သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသည့်သူနှင့် ပြုပြင်သည့်သူကို ခွဲခြားသိရှိတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့လျှင် အသင်တို့ကို ဒုက္ခရောက်အောင် လုပ်ခဲ့ပြီးဖြစ်လိမ့်မည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |