×

အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ကတိကဝတ်များ၌ (မရည်ရွယ်ဘဲ ပါဝင်လာသော) အဓိပ္ပါယ်မဲ့ (သည့် အချက်အလက်များနှင့်ချွတ်ချော်မှားယွင်းမှုများ) အတွက် အရေးယူ ပြစ်တင်တော်မူမည် မဟုတ်ပေ။ သို့သော် 2:225 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:225) ayat 225 in Burmese

2:225 Surah Al-Baqarah ayat 225 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 225 - البَقَرَة - Page - Juz 2

﴿لَّا يُؤَاخِذُكُمُ ٱللَّهُ بِٱللَّغۡوِ فِيٓ أَيۡمَٰنِكُمۡ وَلَٰكِن يُؤَاخِذُكُم بِمَا كَسَبَتۡ قُلُوبُكُمۡۗ وَٱللَّهُ غَفُورٌ حَلِيمٞ ﴾
[البَقَرَة: 225]

အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ကတိကဝတ်များ၌ (မရည်ရွယ်ဘဲ ပါဝင်လာသော) အဓိပ္ပါယ်မဲ့ (သည့် အချက်အလက်များနှင့်ချွတ်ချော်မှားယွင်းမှုများ) အတွက် အရေးယူ ပြစ်တင်တော်မူမည် မဟုတ်ပေ။ သို့သော် သင်တို့၏နှလုံးသားများဖြင့် သင်တို့က လိုလိုလားလားနှင့်ရည်ရွယ်ချက်ရှိရှိ ပြုမူကျင့်ကြံလုပ်ဆောင်လျှက် ဆည်း ပူးရှာမှီးခဲ့သမျှအတွက်သာ သင်တို့အရေးယူ ပြစ်တင်ခြင်းခံကြရလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ မရည်ရွယ်ဘဲ ပြုလုပ်သည့် ချွတ်ချော်မှားယွင်းမှုများအတွက် လူသားတို့အား အခွင့်အလမ်းပေးတော်မူသောအရှင် စာနာထောက်ထားတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: لا يؤاخذكم الله باللغو في أيمانكم ولكن يؤاخذكم بما كسبت قلوبكم والله, باللغة البورمية

﴿لا يؤاخذكم الله باللغو في أيمانكم ولكن يؤاخذكم بما كسبت قلوبكم والله﴾ [البَقَرَة: 225]

Ba Sein
၂၂၅။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့စိတ်မပါဘဲ ကျိန်ဆိုသည့်အတွက် စစ်ကြောတော်မူမည် မဟုတ်ပေ။ သို့သော် သင်တို့စိတ်ပါလက်ပါကျိန်ဆိုသည်တို့အတွက် သင်တို့ကို စစ်ကြော စီရင်တော် မူမည် အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ ထောက်ထားညှာတာတော်မူသော အရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အချည်း နှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏စိတ်နှလုံး များက စေ့ဆော်တိုက်တွန်း၍ ကျိန်ဆိုသော ကျိန်ဆိုချက်များ နှင့် စပ်လျဉ်း၍မူ ထိုအရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူ သောအရှင်၊ အလွန် ထောက်ထားညှာတာ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အလဟဿကျိန်ဆိုမှုများ*နှင့်ပတ်သက်၍ အသင်တို့အား အ‌ရေးယူ‌တော်မူမည်မဟုတ်‌ပေ။ သို့ရာတွင် အသင်တို့ စိတ်‌ရောကိုယ်ပါ ကျိန်ဆိုခဲ့သည်များ*နှင့်စပ်လျဉ်း၍မူ အရှင်မြတ်သည် အသင်တို့အား အ‌ရေးယူ‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek