×

ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုလုပ်ရပ်များဖြင့် ဘဝတည်ဆောက်ကြသူများအတွက် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များ ရှိကြောင်း သတင်းကောင်းပါးလော့။ အဆိုပါ သုခဥယျာဉ်များတွင် 2:25 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:25) ayat 25 in Burmese

2:25 Surah Al-Baqarah ayat 25 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 25 - البَقَرَة - Page - Juz 1

﴿وَبَشِّرِ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أَنَّ لَهُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ كُلَّمَا رُزِقُواْ مِنۡهَا مِن ثَمَرَةٖ رِّزۡقٗا قَالُواْ هَٰذَا ٱلَّذِي رُزِقۡنَا مِن قَبۡلُۖ وَأُتُواْ بِهِۦ مُتَشَٰبِهٗاۖ وَلَهُمۡ فِيهَآ أَزۡوَٰجٞ مُّطَهَّرَةٞۖ وَهُمۡ فِيهَا خَٰلِدُونَ ﴾
[البَقَرَة: 25]

ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုလုပ်ရပ်များဖြင့် ဘဝတည်ဆောက်ကြသူများအတွက် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များ ရှိကြောင်း သတင်းကောင်းပါးလော့။ အဆိုပါ သုခဥယျာဉ်များတွင် အချိန်တိုင်း (အရောင်၊ အဆင်း၊ အနံ့အရသာအမျိုး မျိုးတို့ဖြင့် စဉ်ဆက်မပြတ် သစ်လွင် လန်းဆန်းနေသော) သစ်သီးဝလံမျိုးစုံကို ရိက္ခာအဖြစ် တည်ခင်းဧည့်ခံခြင်း ခံကြရမည်။ ထိုစဉ် လောကီနှင့်ဆင်တူသည့် ရိက္ခာမျိုးပေးခံရသောကြောင့် သူတို့က ""ကျွန်ုပ်တို့သည် ယခင်ကလည်း အလားတူရိက္ခာ မျိုးရခဲ့ဖူးပါ၏။"" ဟု ပြောကြမည်။ (လောကီဘဝနှင့်တမလွန်၏သုခဥယျာဉ်တို့၌ ရရှိမည့် စားနပ်ရိက္ခာတို့မှာ အရောင်၊ အဆင်း၊ အနံ့၊ အရသာ၊ ဆင်တူ၍ မမြင်ဖူးသည့်အရာများ မဟုတ်သောကြောင့် စွဲမက်ဖွယ်ရာအတိ ဖြစ်လာ၏။) ထို့ပြင် သူတို့အတွက် သန့်စင်သည့်ဘဝဖော်များလည်းရှိပြီး ထိုသုခဥယျာဉ်များတွင် ကာလအကန့်အသတ်မဲ့နေ ကြရလိမ့်မည်။

❮ Previous Next ❯

ترجمة: وبشر الذين آمنوا وعملوا الصالحات أن لهم جنات تجري من تحتها الأنهار, باللغة البورمية

﴿وبشر الذين آمنوا وعملوا الصالحات أن لهم جنات تجري من تحتها الأنهار﴾ [البَقَرَة: 25]

Ba Sein
၂၅။ ၎င်းပြင် ယုံကြည်၍ ကောင်းမှုပွားများသူတို့အား ဝမ်းမြောက်ဖွယ်သော သတင်းကို ပြောကြားလော့။ သူတို့၏ ဝေစုမှာ သုခဥယျာဉ်တော်များဖြစ်၏။ ထိုဥယျာဉ်တော်များအောက်၌ မြစ်ချောင်း အသွယ်သွယ် စီးဆင်းလျက်ရှိ၏။ ထိုဥယျာဉ်တော်မှအသီးများဖြင့် သူတို့အား ကျွေးမွေးသောအခါ တိုင်း သူတို့က ဤအစာအဟာရများသည် အကျွန်ုပ်တို့အား အထက်ကျော်ကာရီကပေးသော အစာပင်ဖြစ်၏ဟု ပြောဆိုကြ၏။ အကြောင်းမူကား သူတို့သည် ဆင်တူရိုးမှားတို့ကိုသာ ပေးခြင်းခံကြရ၏။ ဥယျာဉ်တော်အတွင်း သူတို့သည် သန့်ရှင်းဖြူစင်သော အပေါင်းအဘော်ရရှိကြ၏။ သူတို့သည် ဥယျာဉ်တော်အတွင်း အမြဲထာဝစဉ်စံမြန်းကြရ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော မုအ်မင် များအား ပီတိသောမနဿ ဖြစ်စေသော မင်္ဂလာသတင်းကို ပေးလေလော့၊ ဧကန်ဆတ်ဆတ် ထိုသို့သော သီလဝန္တ ပုဂ္ဂိုလ်များ(စံစားနေထိုင်ရန် အလို့ငှာ) ဂျန္နတ် အမတသုခဘုံများ သည်အသင့်ရှိ၏။ ထိုသုခဘုံများအောက်၌ စမ်းရေချောင်းများလည်း (အယဉ်တွေတွေ) စီးဆင်းလျက်ရှိ၏။သုခဘုံသားများအား ထိုသုခဘုံ၏ သစ်သီးဝလံ များကို တည်ခင်းကျွေးမွေးသည့် အခါတိုင်း၌ အကျွန်ုပ်တို့သည် ဤသစ်သီးဝလံမျိုးကို ယခင် ကလည်း စားသုံးရဘူးပြီဟု ဆိုကြအံ့၊ ထိုနောက် ထိုသုခဘုံသားများသည်(ရသာခြားနား၍) သဏ္ဌာန် တူမျှသော သစ်သီးဝလံများ တည်ခင်းကျွေးမွေးခြင်းကိုလည်း ခံစားကြရဦးအံ့၊ ထိုသုခဘုံသားများ အဖို့ ထိုသုခဘုံတွင် သန့်စင်သော ကြင်ရာကြင်ဘက် များသည်လည်း ရှိဦးအံ့၊ ထို့ပြင်တဝ ထိုသုခဘုံသားများသည် ထိုသုခဘုံများ၌ ထာဝစဉ် စံစားကြရအံ့။
Hashim Tin Myint
၎င်း‌နောက် အသင်(တမန်‌တော်)သည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များပြုလုပ်သည့်သူများကို သတင်း‌ကောင်း‌ပေးလိုက်ပါ။ အမှန်စင်စစ် ၎င်းတို့အတွက် ဂျန္နသ်သုခဘုံများရှိသည်။ ထိုသုခဘုံများ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများစီးဆင်း‌နေသည်။* သုခဘုံသားများသည် ထိုသုခဘုံထဲမှ သစ်သီးဝလံ ‌ကျွေး‌မွေးခြင်းခံရသည့်အခါတိုင်းတွင် ”ဤသစ်သီးဝလံသည် ယခင်(‌လောကမှာရှိစဉ်)က ကျွန်ုပ်တို့ကို ‌ကျွေး‌မွေးခြင်းခံခဲ့ရပြီးဖြစ်သည်”ဟု ‌ပြောဆိုကြလိမ့်မည်။ ၎င်း‌နောက် သူတို့သည် (အရသာကွဲပြီး) ပုံသဏ္ဍာန်တူ‌သော သစ်သီးဝလံကိုလည်း ‌ကျွေး‌မွေးခြင်းခံကြရ‌ပေဦးမည်။ ထို့ပြင် သူတို့အတွက် သုခဘုံထဲတွင် စင်ကြယ်သန့်ပြန့်သည့် ဇနီးကြင်ရာများလည်း ရှိကြ‌ပေဦးမည်။* ထို့ပြင် သူတို့သည် သုခဘုံထဲတွင် အမြဲထာဝရ စံမြန်း‌နေထိုင်လျက်ရှိကြမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek