Quran with Burmese translation - Surah Al-Baqarah ayat 31 - البَقَرَة - Page - Juz 1
﴿وَعَلَّمَ ءَادَمَ ٱلۡأَسۡمَآءَ كُلَّهَا ثُمَّ عَرَضَهُمۡ عَلَى ٱلۡمَلَٰٓئِكَةِ فَقَالَ أَنۢبِـُٔونِي بِأَسۡمَآءِ هَٰٓؤُلَآءِ إِن كُنتُمۡ صَٰدِقِينَ ﴾
[البَقَرَة: 31]
﴿وعلم آدم الأسماء كلها ثم عرضهم على الملائكة فقال أنبئوني بأسماء هؤلاء﴾ [البَقَرَة: 31]
Ba Sein ၃၁။ ထို့နောက် အရှင်မြတ်သည် အာဒမ်အား အရာခပ်သိမ်းကုန်တို့၏ အမည်များကို သင်ပေးတော်မူ၏။ ထိုအရာများကို ကောင်းကင်တမန်များကို ပြသပြီးလျှင် အေ ကောင်းကင်တမန်တော်တို့ သင်တို့သည် အမှန်စကားကို ဆိုကြလျှင် ဤအရာများ၏အမည်များကို ငါ့အားပြောပြကြလော့ဟု မိန့်တော်မူခဲ့ ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကို သင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက် အလ္လာဟ်အသျှင်မြတ်သည် ထိုအမည်ပါ ဝတ္ထုအစုစုကို အပါးတော်စေတမန်များ၏ ရှေ့ဝယ်၌ ပြတော်မူ၍ ဤသို့မိန့်တော်မူ၏၊(အပါးတော် စေတမန် အပေါင်းတို့) အကယ်၍အသင်တို့သည် မှန်ကန်သောစကားကို ပြောဆိုသောသူများ ဖြစ်ကြ ပါလျှင် ဤအရာဝတ္ထုများ၏ အမည်နာမများကို ငါ့အား(သေချာဂနစွာ) တင်လျှောက်ကြကုန်။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်သည် (လူသားအားလုံး၏ဖခင်)အာဒမ်*အား (အရာဝတ္ထုများ၏) အမည်များအားလုံးကို သင်ပေးတော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်သည် ထိုအမည်များပေးထားသည့်အရာအားလုံးတို့ကို ကောင်းကင်တမန်များရှေ့တွင် ပြသတော်မူခဲ့ပြီး မိန့်ကြားတော်မူခဲ့သည်။ အသင်တို့သည် အမှန်စကားပြောဆိုသူများဖြစ်ကြပါလျှင် ဤအရာဝတ္ထုများ၏အမည်များကို ငါ့အား ပြောပြကြပါ။ |