Quran with Burmese translation - Surah Al-Baqarah ayat 49 - البَقَرَة - Page - Juz 1
﴿وَإِذۡ نَجَّيۡنَٰكُم مِّنۡ ءَالِ فِرۡعَوۡنَ يَسُومُونَكُمۡ سُوٓءَ ٱلۡعَذَابِ يُذَبِّحُونَ أَبۡنَآءَكُمۡ وَيَسۡتَحۡيُونَ نِسَآءَكُمۡۚ وَفِي ذَٰلِكُم بَلَآءٞ مِّن رَّبِّكُمۡ عَظِيمٞ ﴾
[البَقَرَة: 49]
﴿وإذ نجيناكم من آل فرعون يسومونكم سوء العذاب يذبحون أبناءكم ويستحيون نساءكم﴾ [البَقَرَة: 49]
Ba Sein ၄၉။ ၎င်းပြင် ငါအရှင်သည် သင်တို့အား ဖာရောမင်း၏ လူများထံမှ ကယ်နှုတ်တော်မူသည်ကို သတိရကြ လော့။ သူတို့သည် သင်တို့အား အလွန်ရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းကြ၏။ သင်တို့၏သားများကို သတ်ဖြတ်ကြ၏။ အမျိုးသမီးကိုသာ အသက်ချမ်းသာပေးကြ၏။ ထိုဘေးဒုက္ခကြီးသည် သင်တို့၏ အရှင်သခင်ထံမှ ကြီးမားစမ်းသပ်ခြင်းဖြစ်၏။ |
Ghazi Mohammad Hashim (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်သတိရကြကုန်) တရံရောအခါ ငါအရှင်သည် အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံ တို့၏ ဘေးအန္တရာယ်မှကယ်မ၍ လွတ်မြောက် စေတော် မူခဲ့လေသည်၊ ထိုသူတို့သည် အသင်တို့အပေါ်ဝယ် အလွန်တရာ ရက်စက်ကြမ်းကြုတ် ဆိုးရွားလှစွာသော ဘေးဒုက္ခဆင်းရဲမှုများကို သက်ရောက်စေကြသည်၊ ထိုသူတို့သည် အသင်တို့၏ သမီးမိန်းကလေးများကို မသတ်ဘဲ ချန်လှပ်၍ သားယောက်ျားများကိုမူ (ရက်စက်စွာ) သတ်ဖြတ်လေ့ရှိကြ၏၊ ဤသည်ကား အသင်တို့ကို မွေးမြူတော်မူသော အသျှင်၏ထံတော်မှ ကြီးစွာသော စမ်းသပ်တော်မူခြင်း တစ်ရပ်ပင်တည်း။ |
Hashim Tin Myint ထို့ပြင် တစ်ခါက ငါအရှင်သည် အသင်တို့အား ဖိရ်အောင်န်*၏ အခြွေအရံများ၏အန္တရာယ်မှ ကယ်တင်တော်မူခဲ့သည်။ သူတို့သည် အသင်တို့အား အလွန်ဆိုးရွားသည့် ဘေးဒုက္ခပေးကြသည်။ သူတို့သည် အသင်တို့၏ သားယောက်ျားလေးများကို သတ်ဖြတ်ကြပြီး အသင်တို့၏(သမီး)မိန်းမများကို (သေးသိမ်မှုထဲမှာနစ်မြုပ်နေစေရန်) မသတ်ဘဲအရှင်ထားကြသည်။ ထို့ပြင် ၎င်းထဲတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံမှ ကြီးကျယ်သည့် စမ်းသပ်ချက်ရှိသည်။ |