×

(ပြန်သတိရကြလော့) ငါအရှင်သည် သင်တို့အတွက် (အီဂျစ်မှလွတ်မြောက်အောင် နှစ်ပေါင်းများစွာ ရုန်း ကန်စေခဲ့တော်မူပြီး ပင်လယ်အရောက်တွင် ဖါရိုစစ်တပ်က အမှီလိုက်လာခဲ့သောအခါ) ပင်လယ်ပြင်ကို ခွဲခဲ့ပြီး 2:50 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:50) ayat 50 in Burmese

2:50 Surah Al-Baqarah ayat 50 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 50 - البَقَرَة - Page - Juz 1

﴿وَإِذۡ فَرَقۡنَا بِكُمُ ٱلۡبَحۡرَ فَأَنجَيۡنَٰكُمۡ وَأَغۡرَقۡنَآ ءَالَ فِرۡعَوۡنَ وَأَنتُمۡ تَنظُرُونَ ﴾
[البَقَرَة: 50]

(ပြန်သတိရကြလော့) ငါအရှင်သည် သင်တို့အတွက် (အီဂျစ်မှလွတ်မြောက်အောင် နှစ်ပေါင်းများစွာ ရုန်း ကန်စေခဲ့တော်မူပြီး ပင်လယ်အရောက်တွင် ဖါရိုစစ်တပ်က အမှီလိုက်လာခဲ့သောအခါ) ပင်လယ်ပြင်ကို ခွဲခဲ့ပြီး နောက် (သင်တို့၏ဝေစုမပါသော အရှင့်ကျေးဇူးတော်သက်သက်ဖြင့်) သင်တို့အား ကယ်တော်မူ၍ သင်တို့၏ရှေ့မှောက်တွင် ဖါရိုမင်းဆက်အား ရေနစ်စေတော်မူခဲ့စဉ် (ထိုအဖြစ်အပျက်ကို) သင်တို့ကိုယ်တိုင် မြင်တွေ့ခဲ့ကြပြီ ဖြစ်၏။

❮ Previous Next ❯

ترجمة: وإذ فرقنا بكم البحر فأنجيناكم وأغرقنا آل فرعون وأنتم تنظرون, باللغة البورمية

﴿وإذ فرقنا بكم البحر فأنجيناكم وأغرقنا آل فرعون وأنتم تنظرون﴾ [البَقَرَة: 50]

Ba Sein
၅ဝ။ ၎င်းပြင် သင်တို့အား ပင်လယ်ကို ဖြတ်ကျော်ယူဆောင်၍ ကယ်တင်တော်မူခြင်း၊ သင်တို့ မျက်မှောက် ၌ ဖာရောမင်း၏လူများကို ရေတွင်နစ်မြုပ်သေဆုံးစေတော်မူခြင်း စသည့် ငါ့ကျေးဇူးတော်များကို သင်တို့ သတိရကြလော့။
Ghazi Mohammad Hashim
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန် ) တရံရောအခါ၊ ငါအရှင်သည်(အသင် တို့ကူးဖြတ် လျှောက်သွား နိုင်ကြရန်အလို့ငှာ) ပင်လယ်ကိုပင်ခွဲ၍ အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံတို့၏ဘေးမှ ကယ်တင်တော်မူခဲ့၏။ ထို့နောက် ဖိရ်အောင်န်၏အခြွေအရံများကို ငါအရှင်သည်(အသင့်တို့ မျက်မှောက်၌ပင်)နှစ်မြှုပ်တော်မူလိုက်သည်။ ထိုအချိန် အသင်တို့သည် မိမိတို့ကိုယ်တိုင် (ဤအချင်းအရာများကို) ကြည့်နေကြကုန်သည်။
Hashim Tin Myint
ထို့ပြင် တစ်ခါက ငါအရှင်သည် အသင်တို့အတွက် ပင်လယ်ကိုခွဲပြီး အသင်တို့အား (ဖိရ်‌အောင်န်၏ အ‌ခြွေအရံများ၏အန္တရာယ်မှ) ကယ်တင်‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့ကြည့်မြင်လျက်ရှိစဉ်၌ပင် ငါအရှင်သည် ဖိရ်‌အောင်န်၏ အ‌ခြွေအရံများအား နစ်မြုပ်‌စေ‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek