Quran with Burmese translation - Surah Al-Baqarah ayat 51 - البَقَرَة - Page - Juz 1
﴿وَإِذۡ وَٰعَدۡنَا مُوسَىٰٓ أَرۡبَعِينَ لَيۡلَةٗ ثُمَّ ٱتَّخَذۡتُمُ ٱلۡعِجۡلَ مِنۢ بَعۡدِهِۦ وَأَنتُمۡ ظَٰلِمُونَ ﴾
[البَقَرَة: 51]
﴿وإذ واعدنا موسى أربعين ليلة ثم اتخذتم العجل من بعده وأنتم ظالمون﴾ [البَقَرَة: 51]
Ba Sein ၅၁။ ၎င်းပြင် ငါသည် တမန်တော်မူဆာအား ဆိတ်ငြိမ်ရာတွင် ညဉ့်ပေါင်းလေးဆယ်နေရန် ဗျာဒိတ် ပေးတော်မူ၏။ သူသည် သင်တို့နှင့် ယင်းသို့ ခွဲခွာနေစဉ် သင်တို့သည် နွားကလေးရုပ်ကို ပြုလုပ်၍ ကိုးကွယ်ကြပြီးလျှင် ဒုစရိုက်မှု ကျူးလွန်သူများဖြစ်ကြသည်ကိုလည်း သတိရကြလော့။ |
Ghazi Mohammad Hashim (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့သတိရကြကုန်) တနေ့သောအခါ ငါအရှင်သည် နဗီတမန်တော်မူစာအားရက်ပေါင်းလေးဆယ် (ကုန်လွန်ပြီးနောက် တောင်ရာတ် ကျမ်းဂန်ကို ထုတ်ပြန်ပို့ချ ပေးသနားတော်မူမည်ဟု ) ပဋိညာဉ် ထားတော်မူသည်။(ထိုပဋိညာဉ်တော်အရ နဗီတမန်တော် မူစာသည် ထိုကျမ်းဂန်ကို ဦးထိပ် ရွက်ပန်ဆင်ရန် သိနတောင်၌ ရက်ပေါင်းလေးဆယ် သီတင်းသုံးနေခိုက်) သူ၏ နောက်ကွယ်ရာ၌ အသင်တို့သည် နွားငယ်ကို (ဘုရားအဖြစ်) ပြုလုပ် ကိုးကွယ်ကြကုန်သည်၊ အမှန်စင်စစ် အသင်တို့သည် ကျူးလွန်သူများ ဖြစ်ကြကုန်သည်။ |
Hashim Tin Myint ထို့ပြင် တစ်ခါက ငါအရှင်သည် (တမန်တော်)မူစာအား ညပေါင်းလေးဆယ်၏ ကတိကဝတ်ကိုပြုတော်မူခဲ့သည်။ ထို့နောက် ၎င်း(တမန်တော်)၏နောက်ကွယ်တွင် အသင်တို့သည် ကျူးလွန်သူများဖြစ်လျက် နွားငယ်ကို ကိုးကွယ်ရာအဖြစ်ပြုလုပ်ခဲ့ကြသည်။ |