×

အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချပေးအပ်တော်မူသောအရာ (တမန်တော်မုဟမ္မဒ်အပေါ်ချပေးသော ကျမ်း မြတ်ကုရ်အာန်) ၌ ယုံကြည်ကြရန် ပြောဆိုခဲ့စဉ် သူတို့က “ကျွန်ုပ်တို့အပေါ် ချမှတ်ပေးအပ်ခြင်းခံရသော အရာ၌သာ 2:91 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:91) ayat 91 in Burmese

2:91 Surah Al-Baqarah ayat 91 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 91 - البَقَرَة - Page - Juz 1

﴿وَإِذَا قِيلَ لَهُمۡ ءَامِنُواْ بِمَآ أَنزَلَ ٱللَّهُ قَالُواْ نُؤۡمِنُ بِمَآ أُنزِلَ عَلَيۡنَا وَيَكۡفُرُونَ بِمَا وَرَآءَهُۥ وَهُوَ ٱلۡحَقُّ مُصَدِّقٗا لِّمَا مَعَهُمۡۗ قُلۡ فَلِمَ تَقۡتُلُونَ أَنۢبِيَآءَ ٱللَّهِ مِن قَبۡلُ إِن كُنتُم مُّؤۡمِنِينَ ﴾
[البَقَرَة: 91]

အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချပေးအပ်တော်မူသောအရာ (တမန်တော်မုဟမ္မဒ်အပေါ်ချပေးသော ကျမ်း မြတ်ကုရ်အာန်) ၌ ယုံကြည်ကြရန် ပြောဆိုခဲ့စဉ် သူတို့က “ကျွန်ုပ်တို့အပေါ် ချမှတ်ပေးအပ်ခြင်းခံရသော အရာ၌သာ ယုံကြည်၏။ ထိုထက်ပို၍ (အခြားမည်သည့်အရာကိုမျှ) မယုံကြည်ကြပါ။” ဟု တုံ့ပြန်ပြောခဲ့ကြပြီး သူတို့ လက်ဝယ်၌ ရှိနေသောအရာ (ကျမ်းစာ) အား မှန်၊ မမှန်အတည်ပြုပေးသည့် အမှန်တရားသစ္စာ (ကုန်အာန်ကျမ်း တော်) ကို ငြင်းဆန်ဖုံးကွယ်ကြလေသည်။ “သင်တို့သည် စစ်မှန်သော ယုံကြည်သူများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်၏ယခင်နဗီတမန်တော်များကို အဘယ်ကြောင့် သတ်ခဲ့ကြသနည်း။” ဟု (သူတို့အား) မေးမြန်းလော့။

❮ Previous Next ❯

ترجمة: وإذا قيل لهم آمنوا بما أنـزل الله قالوا نؤمن بما أنـزل علينا, باللغة البورمية

﴿وإذا قيل لهم آمنوا بما أنـزل الله قالوا نؤمن بما أنـزل علينا﴾ [البَقَرَة: 91]

Ba Sein
၉၁။ ထို့ပြင် သူတို့အား အလ္လာဟ်အရှင်မြတ်ချပေးတော်မူသောကျမ်းတော်ကို ယုံကြည်ကြလော့ဟု ဟောပြောသောအခါ သူတို့က အကျွန်ုပ်တို့သည် မိမိတို့ထံကျရောက်လာသောကျမ်းတော်ကိုသာ ယုံကြည်ကြ၏ဟု ပြန်ပြောကြ၏။ သူတို့၏ကျမ်းတော်ကျရောက်ပြီးမှ ကျရောက်လာသောကျမ်းတော် သစ်သည် သူတို့၏ကျမ်းတော်ကို ထောက်ခံအတည်ပြုသော်လည်း သူတို့သည် ထိုကျမ်းတော်သစ်ကို မယုံကြည်ပယ်ရှားကြ၏။ အေ မိုဟမ္မဒ် သင်သည် သူတို့အား ဟယ်အချင်းတို့ သင်တို့သည် ယုံကြည် သူများအမှန်ပင်ဖြစ်ကြလျှင် အထက်ကျော်ကာရီက အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသော တမန်တော်များကို အဘယ်ကြောင့် သင်တို့ အဆုံးစီရင်ကြသနည်းဟုမေးလော့။
Ghazi Mohammad Hashim
အလ္လာဟ် အရှင်မြတ် အထံတော်မှ (နဗီတမန်တော် အသီးသီးတို့ထံ) ထုတ်ပြန် ပို့ချတော်မူသော ဓမ္မဒေသနာ ကျမ်းဂန်များကို ယုံကြည်၍ လိုက်နာ ကျင့်မူကြပါကုန်ဟု ထိုယဟူဒီ ဘာသာဝင်တို့အား ပြောဆိုကြသည့်အခါ ထို(ယဟူဒီဘာသာဝင်)များက အကျွန်ုပ်တို့သည် မိမိတို့အပေါ်ဝယ် ထုတ်ပြန် ပို့ချပြီးဖြစ်သော (တောင်ရာတ်) ကျမ်းမြတ်ကိုသာ ယုံကြည်(လိုက်နာ ကျင့်မူ) ကြပါ၏ ဟု တုံ့ပြန်ဖြေကြားကြလေသည်။ စင်စစ်တမူကား (ထိုသူတို့ ငြင်းပယ်သော) ထိုကျမ်း မြတ်သည်မှန်ကန်သော ကျမ်းမြတ် ဖြစ်သည့်ပြင် ယင်းသူတို့ထံဝယ်ထုတ်ပြန်ပို့ချပြီး ဖြစ်သော (တောင်ရာတ်ကျမ်း) ကိုလည်းထောက်ခံအတည် ပြုလျက်ရှိ၏။ မည်သို့ပင်ဖြစ်စေ၊ အိုနဗီတမန်တော်) အသင်သည် ယင်းသူတို့ကို ဟယ်-အချင်းတို့၊အကယ်၍သာ အသင်တို့သည် (တောင်ရာတ်ကျမ်း တော်ကို) ယုံကြည်လိုက်နာ ကျင့်မူကြသူများသာ ဖြစ်ခဲ့ကြပါလျှင် ရှေးအထက်ကျော်ကာလက (အသင်တို့အား ထိုတောင်ရာတ်ကျမ်းမြတ်နှင့် လျော်ညီစွာ လိုက်နာကျင့်မူကြရန် သွန်သင်ဆုံးမဩဝါဒ ပေးကြကုန်သော) အလ္လာဟ် အရှင်မြတ်၏ နဗီတမန်တော်များကို အဘယ့်ကြောင့် သတ်ဖြတ် ကြပါသနည်းဟု စုံစမ်းမေးမြန်းပါလေ။
Hashim Tin Myint
ထို့ပြင် ယဟူဒီများကို “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ကျမ်းဂန်များအား ယုံကြည်လိုက်နာကြပါ“ ဟု‌ပြောဆိုသည့်အခါ သူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အ‌ပေါ်တွင် ချ‌ပေးခြင်းခံရ‌သော(‌သောင်ရာသ်)ကျမ်းကိုသာ ယုံကြည်ပါသည်“ဟု ပြန်လည်‌ပြောဆိုကြသည်။ ၎င်းပြင် သူတို့သည် ထို(‌သောင်ရာသ်)ကျမ်း‌နောက်မှကျမ်း(ကုရ်အာန်)ကို ဤကျမ်းသည် မှန်ကန်‌သောကျမ်းဖြစ်ပါလျက်နှင့်၊ ၎င်းပြင် သူတို့ထံရှိ‌နေသည့်(‌သောင်ရာသ်)ကျမ်းကို ‌ထောက်ခံအတည်ပြု‌နေပါလျက်နှင့် (ထိုကျမ်းကို)ငြင်းပယ်ကြသည်။ (အို-တမန်‌တော်)အသင် (သူတို့ကို)‌ပြောလိုက်ပါ “အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ခဲ့ကြသည်ဆိုလျှင် ယခင်က အလ္လာဟ်အရှင်မြတ်၏ နဗီတမန်‌တော်များကို အဘယ့်‌ကြောင့်သတ်ဖြတ်သနည်း“။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek