Quran with Burmese translation - Surah Ta-Ha ayat 45 - طه - Page - Juz 16
﴿قَالَا رَبَّنَآ إِنَّنَا نَخَافُ أَن يَفۡرُطَ عَلَيۡنَآ أَوۡ أَن يَطۡغَىٰ ﴾
[طه: 45]
﴿قالا ربنا إننا نخاف أن يفرط علينا أو أن يطغى﴾ [طه: 45]
Ba Sein ၄၅။ ထိုအခါသူတို့က အို--အကျွနု်ပ်တို့၏အရှင်သခင်၊ သူသည် အကျွနု်ပ်တို့အား မာနထောင်လွှားမည်ကို သော် လည်းကောင်း၊ အာဏာရှင်ကဲ့သို့မတရားကျင့်ကြံမည်ကိုသော်လည်းကောင်း၊ အကျွနု်ပ်တို့စိုးရိမ်ပါ၏ဟု လျှောက် တင်ကြ၏။ |
Ghazi Mohammad Hashim (ထိုအခါ) ယင်း(မူစာနှင့်ဟာရူန်)တို့နှစ်ဦးကအို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးတို့သည် မိမိတို့အားယင်းဖိရ်အောင်(န်)က ကြိုတင်(စတင်) ဒုက္ခပေးမည်ကိုလည်းကောင်း၊ယင်းသည် ပိုမို၍ပင် ဆိုးသွမ်းလာမည်ကိုလည်းကောင်း၊ စိုးရိမ်မိကြပါသည်ဟု လျှောက်ထား ပန်ကြားခဲ့ကြလေသည်။ |
Hashim Tin Myint ၎င်းတို့နှစ်ဦးက လျှောက်ထားကြသည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား သူက လွန်ကျူးဒုက္ခပေးမည်ကို၊ ၎င်းပြင် သူသည် ပိုဆိုးသွမ်းလာမည်ကို စိုးရိမ်မိပါသည်။ |