×

သင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးအပ်တော်မူသည့် စားနပ်ရိက္ခာများအနက်မှ (တရားဝင်ခွင့်ပြုထား၍ ကျန်းမာရေးနှင့်ညီညွတ်သော) စင်ကြယ်သန့်ရှင်းရာ (စားသောက်ဖွယ်ရာများ) ကို စားသုံးကြလော့။ သို့ရာတွင် 20:81 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:81) ayat 81 in Burmese

20:81 Surah Ta-Ha ayat 81 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 81 - طه - Page - Juz 16

﴿كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡ وَلَا تَطۡغَوۡاْ فِيهِ فَيَحِلَّ عَلَيۡكُمۡ غَضَبِيۖ وَمَن يَحۡلِلۡ عَلَيۡهِ غَضَبِي فَقَدۡ هَوَىٰ ﴾
[طه: 81]

သင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးအပ်တော်မူသည့် စားနပ်ရိက္ခာများအနက်မှ (တရားဝင်ခွင့်ပြုထား၍ ကျန်းမာရေးနှင့်ညီညွတ်သော) စင်ကြယ်သန့်ရှင်းရာ (စားသောက်ဖွယ်ရာများ) ကို စားသုံးကြလော့။ သို့ရာတွင် အသင်တို့သည် (တရားဝင်ခွင့်ပြုထားသောအရာများကို အလွဲသုံးစားပြုခြင်း၊ ဖြုန်း တီးခြင်း၊ တရားမဝင်သော နည်းဖြင့်ရယူခြင်းစသည်ဖြင့်) ယင်းနှင့်စပ်လျဉ်း၍ အရှင့်စည်းဘောင်ကို ကျူးလွန် ဖောက်ဖျက်ခြင်း မပြုကြလေနှင့်။ သို့ကျူးလွန်ခဲ့သည်ရှိသော် ငါအရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) အမျက်တော်သည် အသင်တို့အပေါ်၌ သက်ရောက် မည်ဖြစ်၏။ စင်စစ်မူကား မည်သူမဆို သူ့အပေါ်၌ ငါအရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) အမျက်တော် သက်ရောက် (စေတော်မူရန် ပြုမူကျင့်ကြံ) လျှင် ဧကန်ပင်၊ ထိုသူသည် (မိမိကိုယ်ကို) ပျက်ကိန်းရောက်စေခြင်းသာ ဖြစ်မည်။

❮ Previous Next ❯

ترجمة: كلوا من طيبات ما رزقناكم ولا تطغوا فيه فيحل عليكم غضبي ومن, باللغة البورمية

﴿كلوا من طيبات ما رزقناكم ولا تطغوا فيه فيحل عليكم غضبي ومن﴾ [طه: 81]

Ba Sein
၈၁။ ထိုအခါငါက သင်တို့သည် ငါချပေးသနားတော်မူသော မွန်မြတ်သောအစာများကို စားကြလော့၊ သို့သော်အစား မကျူးကြလင့်၊ ကျူးကြလျှင် ငါ၏အမျက်တော်ရှလိမ့်မည်၊ အကြင်သူကို ငါ၏အမျက်တော်ထိအံ့၊ ထိုသူသည် အမှန်ပင်ပျက်စီးဆုံးရှုံးရာ၏။
Ghazi Mohammad Hashim
အသင်တို့သည် ငါအရှင်မြတ်က အသင်တို့ အားချီးမြှင့်ပေးသနားတော်မူခဲ့သည့် စင်ကြယ်သန့်ရှင်းသော (စားဖွယ်များ)ကို စားသုံးကြလေကုန်။ သို့ရာတွင် အသင်တို့သည်ဤသည်နှင့်စပ်လျဉ်း၍ စည်းကမ်း မကျူးလွန်ကြကုန်လင့်။သို့ကျူးလွန်ခဲ့သည်ရှိသော် ငါအရှင်မြတ်၏ အမျက်တော်သည်အသင်တို့၌ သက်ရောက်မည်ဖြစ်ပေသည်။ စင်စစ်မူကားမည်သူမဆို ငါအရှင်မြတ်၏အမျက်တော်သည် ထိုသူ၏အပေါ်၌ သက်ရောက်ခဲ့မူ ဧကန်မလွဲ ထိုသူသည် (ဂျဟန္နမ် ငရဲဘုံသို့)ကျသွားပေမည်။
Hashim Tin Myint
အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ‌ပေး‌တော်မူခဲ့‌သော စင်ကြယ်သည့် စားစရာများကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ စည်းကမ်းမကျူးလွန်ကြနှင့်။ ထိုသို့ ကျူးလွန်ခဲ့လျှင် ငါအရှင်မြတ်၏အမျက်‌တော်သည် အသင်တို့အ‌ပေါ်တွင် သက်‌ရောက်လိမ့်မည်။ ထို့ပြင် မည်သူမဆို ငါအရှင်မြတ်၏အမျက်‌တော်သည် ထိုသူတို့အ‌ပေါ်တွင် သက်‌ရောက်ခဲ့လျှင် အမှန်ပင် ထိုသူသည် (ငရဲဘုံထဲသို့)ကျသွားမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek