×

ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကိုလည်းကောင်း၊ (တမလွန်ဘဝ ရှင်ပြန်ထခြင်းစသော) မျက်ကွယ်ရာများနှင့်စပ်လျဉ်းလည်းကောင်း၊ မမြင်ကြသော်လည်း သူတို့သည် ထို (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့နာရီကို 21:49 Burmese translation

Quran infoBurmeseSurah Al-Anbiya’ ⮕ (21:49) ayat 49 in Burmese

21:49 Surah Al-Anbiya’ ayat 49 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anbiya’ ayat 49 - الأنبيَاء - Page - Juz 17

﴿ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَهُم مِّنَ ٱلسَّاعَةِ مُشۡفِقُونَ ﴾
[الأنبيَاء: 49]

ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကိုလည်းကောင်း၊ (တမလွန်ဘဝ ရှင်ပြန်ထခြင်းစသော) မျက်ကွယ်ရာများနှင့်စပ်လျဉ်းလည်းကောင်း၊ မမြင်ကြသော်လည်း သူတို့သည် ထို (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့နာရီကို (တွေးတောလျက်) ထိတ်လန့်စိုး ရိမ်နေသူများ ဖြစ်ကြလေ၏။

❮ Previous Next ❯

ترجمة: الذين يخشون ربهم بالغيب وهم من الساعة مشفقون, باللغة البورمية

﴿الذين يخشون ربهم بالغيب وهم من الساعة مشفقون﴾ [الأنبيَاء: 49]

Ba Sein
၄၉။ ထိုသူမြတ်တို့သည် မိမိ၏အရှင်သခင်အား တိတ်ဆိတ်လျှို့ဝှက်စွာကြောက်ရွံ့ရိုကျိုးကြ၏၊ အချိန်တော်ကြီးကို အလွန်တရာကြောက်လန့်ကြ၏။
Ghazi Mohammad Hashim
အကြင်သူ(တော်)တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မမြင်ကြပါဘဲလျက် ကြောက်ရွံ့ရိုသေကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့ကို ကြောက်ရွံ့စိုးရိမ်သူများလည်း ဖြစ်ကြကုန်သည်။
Hashim Tin Myint
ထို(‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်)သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား မမြင်ကြပါဘဲလျက် ‌ကြောက်ရွံ့ကြသည်။ ထို့ပြင် သူတို့သည် ကိယာမသ်‌နေ့ကိုလည်း ‌ကြောက်ရွံ့စိုးရိမ်သူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek