Quran with Burmese translation - Surah Al-hajj ayat 17 - الحج - Page - Juz 17
﴿إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَادُواْ وَٱلصَّٰبِـِٔينَ وَٱلنَّصَٰرَىٰ وَٱلۡمَجُوسَ وَٱلَّذِينَ أَشۡرَكُوٓاْ إِنَّ ٱللَّهَ يَفۡصِلُ بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ شَهِيدٌ ﴾
[الحج: 17]
﴿إن الذين آمنوا والذين هادوا والصابئين والنصارى والمجوس والذين أشركوا إن الله﴾ [الحج: 17]
Ba Sein ၁၇။ မှတ်သားကြလော့၊ ဤကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်သူများ၊ ယဟူဒီများ၊ စာဘီယင်များ၊ ခရစ်ယာန် ဘာသာဝင်များ၊ မဂျူစီများ၊ ရုပ်ပွားဆင်းတုကို ကိုးကွယ်သူများစသည့်ဖြင့် လူမျိုးအသီးသီးရှိကြ၏၊ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ ထိုလူမျိုးအသီးသီးတို့အလည်ကြားတွင် စီရင်ဆုံးဖြတ် တော်မူလိမ့်မည်။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့အပေါ်၌ သက်သေဖြစ်တော် မူ၏။ |
Ghazi Mohammad Hashim ဧကန်စင်စစ် "မုအ်မင်န်" သက်ဝင်ယုံကြည် သူ့တို့သည်လည်းကောင်း၊ ရေ၀တီဘာသာဝင်တို့သည်လည်းကောင်း၊ ဆွာဗီတို့သည်လည်းကောင်း၊ န(ဆ်)ရာနီတို့သည်လည်းကောင်း၊ မဂျူစီ မီးကိုးကွယ်သူတို့သည်လည်းကောင်း၊"မုရှ်ရစ်က်"တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူတို့သည်လည်းကောင်း၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့စပ်ကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (မျက်မြင်ဒိဋ္ဌ) သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint pg |