×

ထို့ပြင် သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ မြင်သာထင်ရှားသော ရှင်းလင်းချက်များပါဝင်သော အာယသ် သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြခြင်းခံရသောအခါ အသင်သည် မယုံကြည်သူ အမှန်တရားကို ဖီဆန် 22:72 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:72) ayat 72 in Burmese

22:72 Surah Al-hajj ayat 72 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 72 - الحج - Page - Juz 17

﴿وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ تَعۡرِفُ فِي وُجُوهِ ٱلَّذِينَ كَفَرُواْ ٱلۡمُنكَرَۖ يَكَادُونَ يَسۡطُونَ بِٱلَّذِينَ يَتۡلُونَ عَلَيۡهِمۡ ءَايَٰتِنَاۗ قُلۡ أَفَأُنَبِّئُكُم بِشَرّٖ مِّن ذَٰلِكُمُۚ ٱلنَّارُ وَعَدَهَا ٱللَّهُ ٱلَّذِينَ كَفَرُواْۖ وَبِئۡسَ ٱلۡمَصِيرُ ﴾
[الحج: 72]

ထို့ပြင် သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ မြင်သာထင်ရှားသော ရှင်းလင်းချက်များပါဝင်သော အာယသ် သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြခြင်းခံရသောအခါ အသင်သည် မယုံကြည်သူ အမှန်တရားကို ဖီဆန် ငြင်းပယ်သူတို့၏မျက်နှာများတွင် မနှစ်မြို့ဖွယ်ရာ သွေဖည်ငြင်းဆန်မှုကို သတိမူ တွေ့မြင်ရပေမည်။ သူတို့သည် သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ဖတ်ကြားသူတို့အား (ကိုယ်ထိလက် ရောက်) တိုက်ခိုက် လုနီးနီး ဖြစ်ကြ၏။ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား) “ကျွန်ုပ်သည် သင်တို့ အား (သင်တို့ယခု မနှစ်မြို့ဖွယ်ရာဟု ထင်မြင်သော) ထို့ထက်ပင် ပိုမိုဆိုး ရွားလှသောအရာကို သတင်းပေး ဆင့်ပြန်ရမည်လော။ (ထိုအရာသည်ကား ငရဲ) မီးပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ အမှန် တရားကို ဖီဆန်ငြင်းပယ်သော သူတို့အား ယင်း (ငရဲမီးထဲသို့ ရောက်စေတော်မူမည်ဖြစ်ကြောင်း) ကို ကတိပြု ထားတော်မူ၏။ စင်စစ်သော်ကား (ယင်းငရဲမီးသည်) အလွန်ဆိုးရွားလှသော ဘဝခရီးပန်းတိုင် (ပြန်လည်ရာဌာန) ပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: وإذا تتلى عليهم آياتنا بينات تعرف في وجوه الذين كفروا المنكر يكادون, باللغة البورمية

﴿وإذا تتلى عليهم آياتنا بينات تعرف في وجوه الذين كفروا المنكر يكادون﴾ [الحج: 72]

Ba Sein
၇၂။ သင်သည် ငါအရှင်မြတ်၏ ကုရ်အာန်ကျမ်းတော်မှ ဂါထာတော်များကို မိစ္ဆာဒိဋ္ဌိတို့အား ရွတ်ဖတ်ပြသူအား ဟယ်--အချင်းတို့၊ ဤရွေ့ဤမျှမက ကြောက်မက်ဖွယ်သောအရာကို ငါဟောပြောကြေငြာရမည်လော၊ ငရဲ မီးကြီး၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူအား ထိုမီးကို ပေးသနားတော်မူရန် ဂတိဗျာဒိတ်ချမှတ်ထားတော် မူပြီ၊ ထိုမီးသည် အလွန်စက်ဆုပ်ရွံရှာဖွယ်သောခရီးဆုံးဖြစ်၏။
Ghazi Mohammad Hashim
ထို့ပြင် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားသော အာယတ်တော်များကို ဖတ်ကြားသော အခါ အသင်သည်ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့၏ မျက်နှာများတွင်မနှစ်မြို့မှု၊ သွေဖည် ငြင်းဆန်မှုကို တွေ့မြင်ရပေမည်။ ၎င်းတို့သည် မိမိ တို့ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားသူတို့အား (ကိုယ်ထိလက်ရောက်) တိုက်ခိုက် လုနီးနီးဖြစ်ကုန်ကြပေသည်။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်မူ ငါသည် အသင်တို့အား ထို့ထက်ပင် ပိုမိုဆိုးရွားလှသောအရာကို ကြားသိစေရမည်လော။ (ထိုအရာကားငရဲ)မီးပင်။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အား ယင်းမီး(ထဲသို့ လားစေတော်မူမည်)ကို ချိန်းချက်ထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်ဆိုးရွားလှသော ပြန်လည်ရာဌာနပင် ဖြစ်ချေသတည်း။
Hashim Tin Myint
ထို့ပြင် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏ထင်ရှား‌သော အာယသ်‌တော်များ ဖတ်ကြားသည့်အခါ အသင်(တမန်‌တော်)သည် ကာဖိရ်များ၏မျက်နှာများတွင် မနှစ်မြို့မှု၊ ငြင်းဆန်မှုကို ‌တွေ့မြင်ရမည်။ သူတို့သည် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏အာယသ်‌တော်များ ဖတ်ကြားသူများကို တိုက်ခိုက်မည့်ဆဲဆဲ ဖြစ်ကြသည်။* (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သို့ဖြစ်လျှင် ငါသည် အသင်တို့အား ထို့ထက် ပိုဆိုးသည်ကို အသိ‌ပေးရမည်‌လော။ (ထိုအရာသည်)မီးပင်။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များကို ထိုမီးထဲတွင် ချိန်းဆိုထား‌တော်မူသည်။ ထို့ပြင် ထိုငရဲမီးသည် အဘယ်မျှ ဆိုးဝါးလှ‌သော ပြန်လည်ရာဌာန ဖြစ်လိုက်ပါသနည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek