×

သူတို့သည် အလ္လာဟ်အရှင်မြတ်အား (အရှင်မြတ်၏ဉာဏ်တော်အနန္တ ဂုဏ်တော်များ၊ တန်ခိုးတော် များနှင့်အညီ ထိုက်ထိုက်တန်တန် တန်ဖိုးထားမြတ်နိုးရန်) တာဝန်ရှိသည့်အလျှောက် ဝေဖန်ပိုင်းခြားဆုံး ဖြတ်၍ ထောက်ချင့်လျက် 22:74 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:74) ayat 74 in Burmese

22:74 Surah Al-hajj ayat 74 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 74 - الحج - Page - Juz 17

﴿مَا قَدَرُواْ ٱللَّهَ حَقَّ قَدۡرِهِۦٓۚ إِنَّ ٱللَّهَ لَقَوِيٌّ عَزِيزٌ ﴾
[الحج: 74]

သူတို့သည် အလ္လာဟ်အရှင်မြတ်အား (အရှင်မြတ်၏ဉာဏ်တော်အနန္တ ဂုဏ်တော်များ၊ တန်ခိုးတော် များနှင့်အညီ ထိုက်ထိုက်တန်တန် တန်ဖိုးထားမြတ်နိုးရန်) တာဝန်ရှိသည့်အလျှောက် ဝေဖန်ပိုင်းခြားဆုံး ဖြတ်၍ ထောက်ချင့်လျက် လေးစားကြည်ညိုကြသည် မဟုတ်ပေ။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် အင်အားတောင့်တင်းမှုအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်၊ ဘုန်းတန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ما قدروا الله حق قدره إن الله لقوي عزيز, باللغة البورمية

﴿ما قدروا الله حق قدره إن الله لقوي عزيز﴾ [الحج: 74]

Ba Sein
၇၄။ မှတ်သားကြလော့၊ ထိုမိစ္ဆာမိုက်တို့သည် အလ္လာဟ်အရှင်မြတ်အား ထောက်ချင့်ထိုက်သလောက်မထောက်ချင့် ကြချေ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အတိုင်းမသိခွန်အားကြီးတော်မူသောအရှင်၊ အနန္တဘုန်း တန်ခိုးတော်အရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား ရိုသေကိုင်းရှိုင်းရန် တာဝန်ရှိသည်နှင့်အညီ ရိုသေကိုင်းရှိုင်းကြသည် မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ခွန်အားပြည့်စုံတော်မူသော၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
သူတို့သည် အလ္လာဟ်အရှင်မြတ်အား ရို‌သေ‌လေးစားထိုက်သည်နှင့်အမျှ ရို‌သေ‌လေးစားခြင်းမရှိကြ‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားပြည့်စုံ‌တော်မူ‌သောအရှင်၊ အလွန်တန်ခိုး‌တော်နှင့် လွှမ်းမိုး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek