Quran with Burmese translation - Surah Al-Mu’minun ayat 88 - المؤمنُون - Page - Juz 18
﴿قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٖ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ ﴾
[المؤمنُون: 88]
﴿قل من بيده ملكوت كل شيء وهو يجير ولا يجار عليه إن﴾ [المؤمنُون: 88]
Ba Sein ၈၈။ တဖန်ဟောကြားလော့၊ ခပ်သိမ်းကုန်သောသက်ရှိသက်မဲ့အပေါင်းတို့ကို စိုးပိုင်သောတန်ခိုးတော်ဂုဏ်တော်သည် မည်သူ့လက်တော်ဝယ်ရှိသနည်း၊ အလ္လာဟ်အရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူ၏၊ သို့သော်အရှင် မြတ်မှ ကာကွယ်ခြင်းမရှိချေ၊ သင်တို့တွင် အသိဉာာဏ်ရှိလျှင် ကောင်းလေစွ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ဤသို့ ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)အကယ်၍ အသင်တို့သည် သိရှိကြလျှင် (ငါ့အားပြောပြကြလေကုန်)။ ထိုအရှင်သည် မည်သူနည်း။ အရာခပ်သိမ်းတို့ကို စိုးပိုင်ခွင့်သည် ထိုအရှင်မြတ်၏လက်တော်တွင်း၌ရှိ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင် ထိုအရှင်နှင့်ဆန့်ကျင်၍မူကား မည်သူတစ်ဦးတစ်ယောက်မျှပင် ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိချေ။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- ထိုအရှင်သည် မည်သူနည်း၊ အရာအားလုံး၏ စိုးပိုင်ခွင့်သည် ထိုအရှင်၏လက်ထဲ၌ပင် ရှိသည်။ ထို့ပြင် ထိုအရှင်သည် ကာကွယ်စောင့်ရှောက်တော်မူသည်။ ထို့ပြင် ထိုအရှင်နှင့် ဆန့်ကျင်ပြီး မည်သူမျှ ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိပေ။ အကယ်၍ အသင်တို့သိကြလျှင် (ထိုအရှင်သည် မည်သူနည်းဆိုသည်ကို ငါ့အား ပြောပြကြပါ)။ |