×

ထို့ပြင် အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ် သည် (ကျွန်ုပ်၏တာဝန်ဖြစ်သော အမှန်တရားသစ္စာဘက်သို့ လူသားအားဖိတ်ခေါ်ရာ၌ လူသားနှင့်ဂျင်န်အပါအဝင်) စေတန်မကောင်းဆိုးဝါးတို့၏(လှည့်စားမှု 23:97 Burmese translation

Quran infoBurmeseSurah Al-Mu’minun ⮕ (23:97) ayat 97 in Burmese

23:97 Surah Al-Mu’minun ayat 97 in Burmese (البورمية)

Quran with Burmese translation - Surah Al-Mu’minun ayat 97 - المؤمنُون - Page - Juz 18

﴿وَقُل رَّبِّ أَعُوذُ بِكَ مِنۡ هَمَزَٰتِ ٱلشَّيَٰطِينِ ﴾
[المؤمنُون: 97]

ထို့ပြင် အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ် သည် (ကျွန်ုပ်၏တာဝန်ဖြစ်သော အမှန်တရားသစ္စာဘက်သို့ လူသားအားဖိတ်ခေါ်ရာ၌ လူသားနှင့်ဂျင်န်အပါအဝင်) စေတန်မကောင်းဆိုးဝါးတို့၏(လှည့်စားမှု ဖြားယောင်းမှုနှင့်) တိုက်တွန်းနှိုးဆော်ချက်တို့မှ (ကင်းလွတ် ၍ အကာအကွယ်ရရန်) အသင် (အရှင်မြတ်) ထံ ခိုလှုံပါ၏။

❮ Previous Next ❯

ترجمة: وقل رب أعوذ بك من همزات الشياطين, باللغة البورمية

﴿وقل رب أعوذ بك من همزات الشياطين﴾ [المؤمنُون: 97]

Ba Sein
၉၇။ တဖန်ဆုတောင်းလော့၊ အို--ကျွနု်ပ်၏အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ်သည် ရှိုင်တွာန်ယုတ်တို့၏ ဖျား ယောင်းခြင်းတို့မှ အရှင်၌ ခိုလှုံပါ၏။
Ghazi Mohammad Hashim
၎င်းပြင် အသင်သည်(ဤသို့)လျှောက်ထား ပန်ကြားပါလေ။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် ရှိုင်တွာန် မိစ္ဆာကောင်တို့၏ တိုက်တွန်းနှိုးဆော်ချက်တို့မှ (လွတ်ကင်းရန်) အရှင်မြတ်၏ အကာအကွယ်ကို ရလိုပါ၏။
Hashim Tin Myint
ထို့ပြင် (အို- တမန်‌တော်)အသင်သည် (ဤသို့)‌ပြောဆို‌လျှောက်ထားပါ- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်သည် ရှိုင်သွာန်၏တိုက်တွန်းနှိုး‌ဆော်ချက်များမှ (လွတ်ကင်းရန်) အရှင်မြတ်ထံတွင် ခိုလှုံပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek