×

တစ်ဖန် အကယ်၍ သင်တို့သည် (ဝင်ရောက်လိုသည့်) ထိုအိမ်များတွင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ သင်တို့သည် ဝင်ခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ 24:28 Burmese translation

Quran infoBurmeseSurah An-Nur ⮕ (24:28) ayat 28 in Burmese

24:28 Surah An-Nur ayat 28 in Burmese (البورمية)

Quran with Burmese translation - Surah An-Nur ayat 28 - النور - Page - Juz 18

﴿فَإِن لَّمۡ تَجِدُواْ فِيهَآ أَحَدٗا فَلَا تَدۡخُلُوهَا حَتَّىٰ يُؤۡذَنَ لَكُمۡۖ وَإِن قِيلَ لَكُمُ ٱرۡجِعُواْ فَٱرۡجِعُواْۖ هُوَ أَزۡكَىٰ لَكُمۡۚ وَٱللَّهُ بِمَا تَعۡمَلُونَ عَلِيمٞ ﴾
[النور: 28]

တစ်ဖန် အကယ်၍ သင်တို့သည် (ဝင်ရောက်လိုသည့်) ထိုအိမ်များတွင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ သင်တို့သည် ဝင်ခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ မဝင်ရောက်ကြလေနှင့်။ အကယ်၍ သင်တို့အား ပြန်ကြလော့ဟု ပြောဆိုလျှင် သင်တို့သည် (ဇွတ်ဝင်ရန်မကြိုးစားဘဲ) ပြန်သွားကြလော့။ ထို (သို့ဝင်ခွင့်မရလျှင် ပြန်လာခြင်း) သည် သင်တို့အတွက် အစင်ကြယ်ဆုံးနှင့်အမွန် မြတ်ဆုံးပင် ဖြစ်၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို အသေးစိတ် သိနေတော်မူ၏။

❮ Previous Next ❯

ترجمة: فإن لم تجدوا فيها أحدا فلا تدخلوها حتى يؤذن لكم وإن قيل, باللغة البورمية

﴿فإن لم تجدوا فيها أحدا فلا تدخلوها حتى يؤذن لكم وإن قيل﴾ [النور: 28]

Ba Sein
၂၈။ ထို့အပြင်အကယ်၍အိမ်တွင်း၌ တစ်စုံတစ်ယောက်ကိုမျှ မတွေ့ငြားသော်လည်း ဝင်ခွင့်မရပဲလျက် အိမ်တွင်းသို့ မဝင်ကြလင့်၊ တဖန်အကယ်၍သင်တို့အား အိမ်ဝင်ခွင့်မပေးပဲ ပြန်သွားရန်ပြောလျှင် ပြန်သွားကြလော့၊ ယင်းသို့ပြု ခြင်းသည် မြင့်မြတ်သောအမူအရာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှတို့ကို သိတော်မူ၏။
Ghazi Mohammad Hashim
တစ်ဖန် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ အသင်တို့သည် မိမိတို့၌ အခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ မဝင်ကြကုန်လင့်။ ၎င်းပြင် အကယ်၍ အသင်တို့အား ပြန်ကြကုန်ဟု ပြောဆိုခဲ့လျှင် အသင်တို့သည် ပြန်ခဲ့ကြလေကုန်။ ထို(သို့ပြန်လာခြင်း)သည် အသင်တို့အဖို့ အစင်ကြယ်အမွန်မြတ် ဆုံးပင်ဖြစ်ချေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။
Hashim Tin Myint
ထို့‌နောက် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးမှ မ‌တွေ့ခဲ့ကြလျှင်၊ အသင်တို့သည် အသင်တို့အတွက် အခွင့်မရရှိသမျှ ထိုအိမ်များထဲသို့ မဝင်ကြနှင့်။ ထို့ပြင် အကယ်၍ အသင်တို့ကို ပြန်ကြရန် ‌ပြောဆိုခဲ့လျှင် အသင်တို့သည် ပြန်ခဲ့ကြပါ။ ထိုအရာသည် အသင်တို့အတွက် အစင်ကြယ်ဆုံးဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek