Quran with Burmese translation - Surah An-Nur ayat 29 - النور - Page - Juz 18
﴿لَّيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَدۡخُلُواْ بُيُوتًا غَيۡرَ مَسۡكُونَةٖ فِيهَا مَتَٰعٞ لَّكُمۡۚ وَٱللَّهُ يَعۡلَمُ مَا تُبۡدُونَ وَمَا تَكۡتُمُونَ ﴾
[النور: 29]
﴿ليس عليكم جناح أن تدخلوا بيوتا غير مسكونة فيها متاع لكم والله﴾ [النور: 29]
Ba Sein ၂၉။ သင်တို့သည် မိမိအတွက် အကျိုးကျေးဇူးတစ်စုံတစ်ခုကို မြင်၍ လူသူမရှိသောအိမ်လပ်များသို့ ဝင်၍ သင်တို့ အပေါ်၌ အပြစ်မထိုက်ချေ၊ အလ္လာဟ်အရှင်မြတ်သည် ထုတ်ဖော်ပြောဆိုသောအရာများနှင့် ဖုံးကွယ်ထားသော အရာများကို အကုန်အစင်သိတော်မူ၏။ |
Ghazi Mohammad Hashim အသင်တို့သည် လူမနေသောအိမ်များတွင် အသင်တို့၏ (ကိုယ်ရေးကိုယ်တာ) အကျိုးကျေးဇူး ဥစ္စာပစ္စည်း တစ်စုံတစ်ရာရှိ၍ ထိုအိမ်များအတွင်းသို့ ဝင်ရောက်ခဲ့ကြသော် အသင်တို့၌ မည်သို့မျှအပြစ်မရှိချေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထင်ရှားစေကြသော ကိစ္စများကို လည်းကောင်း၊ အသင်တို့ လျှို့ဝှက်သောကိစ္စများကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။ |
Hashim Tin Myint အသင်တို့သည် လူမနေသည့် အကြင်အိမ်များတွင် ဝင်ရောက်ခဲ့လျှင် အသင်တို့တွင် မည်သည့်အပြစ်မျှ မရှိပေ။ ထိုအိမ်များတွင် အသင်တို့အတွက် အကျိုးခံစား၍ရ(သော ပစ္စည်းတစ်စုံတစ်ရာ)ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထင်ရှားစေသည့်ကိစ္စများနှင့် အသင်တို့ လျှို့ဝှက်ကြသောကိစ္စများကို သိရှိတော်မူသည်။ |