×

သူတို့အချင်းချင်းကြား တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်ကြရန်အလို့ငှာ အလ္လာဟ်အရှင်မြတ် (၏ကျမ်း တော်မြတ်ကုရ်အာန်) နှင့်အရှင့်ရစူလ်တမန်တော် (၏လက်တွေ့ပြသခဲ့သောလမ်းစဉ်) ဘက်သို့ ဖိတ်ခေါ်ခြင်းခံကြရသောအခါ သက်ဝင်ယုံကြည်သူတို့၏ပြောဆိုချက်မှာ “ကျွန်ုပ်တို့ 24:51 Burmese translation

Quran infoBurmeseSurah An-Nur ⮕ (24:51) ayat 51 in Burmese

24:51 Surah An-Nur ayat 51 in Burmese (البورمية)

Quran with Burmese translation - Surah An-Nur ayat 51 - النور - Page - Juz 18

﴿إِنَّمَا كَانَ قَوۡلَ ٱلۡمُؤۡمِنِينَ إِذَا دُعُوٓاْ إِلَى ٱللَّهِ وَرَسُولِهِۦ لِيَحۡكُمَ بَيۡنَهُمۡ أَن يَقُولُواْ سَمِعۡنَا وَأَطَعۡنَاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴾
[النور: 51]

သူတို့အချင်းချင်းကြား တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်ကြရန်အလို့ငှာ အလ္လာဟ်အရှင်မြတ် (၏ကျမ်း တော်မြတ်ကုရ်အာန်) နှင့်အရှင့်ရစူလ်တမန်တော် (၏လက်တွေ့ပြသခဲ့သောလမ်းစဉ်) ဘက်သို့ ဖိတ်ခေါ်ခြင်းခံကြရသောအခါ သက်ဝင်ယုံကြည်သူတို့၏ပြောဆိုချက်မှာ “ကျွန်ုပ်တို့ ကြားနာကြပါပြီ၊ ကျွန်ုပ်တို့ လိုက်နာ ကြပါပြီ။” ဟု ဝန်ခံပြောဆိုကြရန်သာ ဖြစ်၏။ စင်စစ်မှာမူကား ထိုသူတို့သည်ပင် ပေါက်မြောက်အောင်မြင်သူများ ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: إنما كان قول المؤمنين إذا دعوا إلى الله ورسوله ليحكم بينهم أن, باللغة البورمية

﴿إنما كان قول المؤمنين إذا دعوا إلى الله ورسوله ليحكم بينهم أن﴾ [النور: 51]

Ba Sein
၅၁။ ယုံကြည်သူတို့သည် မိမိတို့အလည်ကြားတွင် တရားဆုံးဖြတ်ဖို့ရာ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်ကို တောင်းပန်လျှောက်ကြသောအခါ သူတို့သည် အကျွနု်ပ်တို့ကြားကြပါ၏၊ နာခံကြပါ၏ဟုသာ ဆိုကြ၏၊ ဤလူ ဤလူတို့သည် အောင်မြင်သူများသာတည်း။
Ghazi Mohammad Hashim
(သို့ရာတွင်)’မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ စကားမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့ လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်၍ ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ၊ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ကြားနာကြပါပြီ၊ ထို့ပြင် ကျွန်တော်မျိုးတို့သည် လိုက်နာကြပါပြီဟူ၍ ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဤကဲ့သို့သော သူသာလျှင် အောင်မြင်မှုရရှိသူများ ဖြစ်ကြကုန်၏။
Hashim Tin Myint
အီမာန်ယုံကြည်သည့်သူများ၏စကားကမူ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်‌တော်ထံသို့ တမန်‌တော်မြတ်သည် သူတို့အကြားတွင် စီရင်ဆုံးဖြတ်‌ပေးရန် အ‌ခေါ်ခံကြရသည့်အခါ သူတို့က ကျွန်ုပ်တို့သည် ကြားနာကြ၍ လိုက်နာကြပြီဖြစ်ပါသည်ဟု ‌ပြောဆိုကြသည်။ ထို့ပြင် ထိုသူများပင် ‌အောင်မြင်မှုရရှိသူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek