Quran with Burmese translation - Surah An-Nur ayat 59 - النور - Page - Juz 18
﴿وَإِذَا بَلَغَ ٱلۡأَطۡفَٰلُ مِنكُمُ ٱلۡحُلُمَ فَلۡيَسۡتَـٔۡذِنُواْ كَمَا ٱسۡتَـٔۡذَنَ ٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٞ ﴾
[النور: 59]
﴿وإذا بلغ الأطفال منكم الحلم فليستأذنوا كما استأذن الذين من قبلهم كذلك﴾ [النور: 59]
Ba Sein ၅၉။ ထို့အပြင်သင်တို့အထဲမှ သူငယ်များသည် အရွယ်ရောက်လာခဲ့မူ သူတို့အား အထက်ပါလူများကဲ့သို့ အခွင့်ပန် ကြစေလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ပညတ်တရားတော်များကို ဤကဲ့သို့ရှင်းလင်းစေတော် မူ၏၊ အရှင်မြတ်သည် သိတော်မူ၏၊ လိမ္မာတော်မူ၏။ |
Ghazi Mohammad Hashim သို့ရာတွင် အသင်တို့အနက်မှ ယောက်ျားကလေးများသည် အရွယ်ရောက်လာခဲ့ကြသော်၊ ၎င်းတို့သည်လည်း မိမိတို့အလျင် ခွင့်တောင်းခဲ့ကြသော သူများနည်းတူ ခွင့်တောင်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းနှင်နှင် မိမိအမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ် ဖော်မိန့်ကြားတော်မူလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့ထဲမှ ယောက်ျားလေးများသည် အရွယ်ရောက်လာခဲ့လျှင်၊ သူတို့သည်လည်း သူတို့အလျင် ခွင့်တောင်းခဲ့ကြသည့်သူများကဲ့သို့ ခွင့်တောင်းကြရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် အရှင်မြတ်၏အမိန့်ပညတ်များကို အသင်တို့အတွက် ရှင်းလင်းပြသတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |