Quran with Burmese translation - Surah Al-Furqan ayat 15 - الفُرقَان - Page - Juz 18
﴿قُلۡ أَذَٰلِكَ خَيۡرٌ أَمۡ جَنَّةُ ٱلۡخُلۡدِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۚ كَانَتۡ لَهُمۡ جَزَآءٗ وَمَصِيرٗا ﴾
[الفُرقَان: 15]
﴿قل أذلك خير أم جنة الخلد التي وعد المتقون كانت لهم جزاء﴾ [الفُرقَان: 15]
Ba Sein ၁၅။ အို--တမန်တော်၊ ဟောကြားလော့၊ ငရဲမီးသည် သာလွန်ကောင်းမြတ်သလော၊ သို့မဟုတ်ဒုစရိုက်မကောင်းမှုကို တွန်းလှန်ပစ်သူတို့အား ပေးသနားတော်မူမည်ဟု ကတိထားတော်မူသော၊ အိုခြင်း၊နာခြင်း၊သေခြင်းကင်းမဲ့သော နိဗ္ဗာန်ဥယျာဉ်တော်က သာလွန်ကောင်းမြတ်သလော၊ထိုဥယျာဉ်တော်သည် သူတော်ကောင်းတို့၏ ဆုနှင့်ဘဝခရီး ဆုံးရာဖြစ်၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ဤ (ဒုက္ခ)သည် ကောင်းလေသလော၊ သို့တည်းမဟုတ် "မွတ္တကီ" သူတော်စင်များ ကတိပေးခြင်းခံကြရသော အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည့် "ဂျန္နတ်" သုခသည် ကောင်းမြတ်လေသလော။ ယင်း ဂျန္နတ် သုခသည် ထိုမွတ္တကီသူတော်စင်တို့အဖို့ အကျိုးလည်းဖြစ် သည်။ နောက်ဆုံး ပြန်လည်ရာဌာနလည်း ဖြစ်ပေသည်။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- ဤသည်က ကောင်းသလော၊ သို့မဟုတ် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သော မုသ်သကီများကို ကတိပေးခြင်းခံကြရသော အမြဲနေရမည့် ဂျန္နသ်သုခဘုံက ကောင်းသလော။* ထိုသုခဘုံသည် သူတို့အတွက် အကျိုးရလဒ်လည်း ဖြစ်သည်။ ထို့ပြင် နောက်ဆုံးပြန်လည်ရာဌာနလည်းဖြစ်သည်။ |